(22)

15K 1.2K 6
                                    


" ဆရာကျန်းလည်း အမြဲတစ်​​ယောက်​တည်းပဲ
မပျင်းဘူးလားဗျာ  ဒီတစ်​ခါ ဂျပန်​လာရင်
ကျွန်​​တော်​တို့ဆီ လာ​ရွေးလိုက်​ပါလား
ဈေး​များ​ပေမယ့်​  အသန့်​​လေး​တွေပဲရမှာ
အိမ်​မှာ​ထားထားရင်​ အပျင်း​ပြေတာ​ပေါ့ "

ကျန်းချန်​တို့ ရိ​ပေါ်တို့လို
ထိပ်​သီးပိုင်း စီးပွား​ရေးသမား​တွေအ​နေနဲ့
မြေ​အောက်​​လောကသား​တွေနဲ့လည်း
မလွှဲမ​ရှောင်​သာ ပတ်​သက်​မှရသည်​။

အခုလည်း စီးပွား​ရေးထိပ်​သီး party တစ်​ခုမှာ
ဂျပန်​က လူ​မှောင်​ခိုပါလုပ်​တဲ့ဂိုဏ်းမှ လူက
အ​ရောင်းအဝယ်​လာစပ်​​နေခြင်းပင်​။

" ကျွန်​​တော်​ အဲ့ဒါမျိုး​တွေ စိတ်​မဝင်​စားဘူး "

" အလို! ဒါ​လေးက ဘယ်​သူ​လေးလဲ "

ပြန်​​ဖြေတာ​တောင်​ လှည့်​မကြည့်​ဘဲ ထိုလူက
တစ်​​နေရာကို စူးစူးစိုက်​စိုက်​ကြည့်​​နေ၍
လိုက်​ကြည့်​လိုက်​​တော့ ခပ်​​ဝေး​ဝေးက
စားပွဲတစ်​ခုမှာ ထိုင်​​နေတဲ့ .....​ရှောင်းကျန့်​.....။

ရိ​ပေါ်​က သူ့ကို​ခေါ်လာပုံရသည်​။

" အဟမ်း... "

ကျန်းချန်​က  လုပ်​​ချောင်းကြီးဆိုးလိုက်​ပြီး

" အဲ့​ကောင်​​လေးက..ကျုပ်​မိတ်​​ဆွေတစ်​​ယောက်​နဲ့
လက်​ထပ်​ထားတာ သူ့မှာ ​ယောကျာင်္းရှိတယ်
ထိပ်​သီးစီးပွား​ရေးသမားပဲ ​တော်​ရုံလူယှဉ်​လို့မရဘူး "

" ​သြော်​...တကယ်​ပဲကိုး.......
မြင်းဖြူ စီး မင်းသား​လေးက ကယ်​တင်​သွားတာပဲ "

" သူ့ကို သိလို့လား "

" သိဆို သူ့ဦး​လေး​တောင်
ဂိုဏ်းမှာဖမ်းထားတာ ၁ ပါတ်​ရှိပြီ
ဒီ​ကောင်​​လေးကိုကျ ဘယ်​လိုမှရှာလို့မ​တွေ့ဘူး "

" ဘယ်​လိုကိစ္စ​တွေရှိလို့လဲ "

ထိုလူက ကျန်းချန်​နားနားကပ်​ပြီး
ခပ်​တိုးတိုး​ပြောလိုက်​တာက

" ဒီ​ကောင်​​လေးကို အရင်​ကတည်းက
သူ့ဦး​လေးကိုယ်​တိုင်
ကျွန်​​တော်​တို့ဆီမှာ ​ရောင်းထားပြီးသား "

The Love from Windward (Completed)Where stories live. Discover now