(9)

12.7K 1.1K 10
                                    

" အင်းပါဆို...လွမ်းတာ​ပေါ့..တကယ်​..
ဒါနဲ့...ဖုန်းအသစ်​ဝယ်​​ပေးအုံး..
iphone ​နော်​...
မရှိဘူး..အလုပ်​သွားတယ်​..
အင်း...ခဏ​နေ​တွေ့မယ်​.."

ကွက်​ကြည့်​ကွက်​ကြည့်​လုပ်​​နေတဲ့
အိမ်​အကူ​တွေ​ကြောင့်​ စိတ်​တိုပြီး
ဖုန်းကို ​ဆောင့်​ချပစ်​လိုက်​သည်​။

အ​ရေးထဲမှ ဟန်းဖုန်းက ပျက်​သွား​လို့
မသုံးချင်​ဘဲ အိမ်​ဖုန်းကို ဧည့်​ခန်းထဲလာသုံး​နေရ​တာ။

ကဒ်​ကလည်း အသိမ်းခံရလို့ သုံးစရာတစ်​ပြားမှမရှိ။
ကိုယ့်​ကိုမကြည်​တဲ့ အိမ်​​တော်​ထိန်းဆီက​တော့
လက်​ဖြန့်​မ​တောင်းချင်​။

Hand phone က မရှိလို့မဖြစ်​ဘူး။
ဝမ်​ရိ​ပေါ်ဘက်​က ရာသီဥတုက သိပ်​မ​ကောင်း​တော့
လို့ ဦး​လေးနဲ့​ရှောင်​ထန်းကို မြန်​မြန်​​တွေ့​အောင်​ ရှာဖို့လို​နေတယ်​။

လူရှာဖို့ အကူအညီ​တောင်းထားတဲ့ ဟိုလူကလည်း
သူလိုချင်​တဲ့ ဝမ်​ရိ​ပေါ်အိ​တ်​ကို
ယူ​ပေးပြီး​နောက်​ပိုင်း ဆက်​သွယ်​လို့မရ​တော့။
လမ်းစ က ​ပျောက်​​နေသည်​။

အခုဆို တကယ်​ကို
တစ်​​လောကလုံးမှာ  ကိုယ်​တစ်​​ယောက်​တည်းလို့
ရှောင်းကျန့်​ခံစား​နေရတယ်​။

" သခင်​​လေးကိုပဲ သနားတယ်
  အိမ်​​ထောင်​​ရေးကံကလည်း ဆိုးလိုက်​တာ "

" ဒီ​လောက်​ ​ကောင်း​ကောင်းမွန်​မွန်​ထားတာကို
နည်းနည်း​လေး​တောင်​ အားမနာဘူးလားမသိဘူး "

လှေကား​ထောင့်​နားမှာ တီးတိုး​ပြော​နေတဲ့
အိမ်​အကူ ၂ ​ယောက်​က
ရှောင်းကျန့်​ကို မမြင်​။

" အခိုင်းအ​စေက..အခိုင်းအ​စေလို​နေကြ..
သူများကိစ္စ​တွေ စိတ်​ဝင်​စားမ​နေနဲ့
ကိုယ်​တိုင်​ကျ ​အောက်​တန်းစားအ​စေခံ​ "

ဒေါသအ​လျောက် ​ပြောချင်​တာ​တွေ​ပြောပြီး
အ​ပေါ်ထပ်​ ပြန်​တက်​သွားလိုက်​သည်​။
ရစရာရှိတာရပြီးရင်​ ဒီအိမ်​ကမြန်​မြန်​ထွက်​သွားချင်​ပြီ။
တစ်​အိမ်​လုံး မုန်းစရာ ပျင်းစရာ လူ​တွေချည်းပဲ။

The Love from Windward (Completed)Where stories live. Discover now