နောက်ရက်မှာလည်း ဝမ်ရိပေါ်က
အိမ်ပြန်နောက်ကျပါတယ်။" မနေ့က သိပ်မစားနိုင်လို့ ဒီနေ့
သခင်လေးကြိုက်တတ်တာတွေချက်ထားတယ်
သြော် သခင်လေး
အကိုလေးရှောင်းကျန့် ဒီနေ့ တစ်နေကုန်
ထမင်း ဆင်းမစားဘူး "စားဖိုမှုးကြီးက ရောက်ရောက်ချင်းပြောတော့
ဝမ်ရိပေါ်တစ်ယောက် အပေါ်ထပ်ကို
ခပ်မြန်မြန်တက်သွားလိုက်တယ်။
နေများမကောင်းလို့လား။အခန်းတံခါးဆွဲဖွင့်ပြီးဝင်သွားလိုက်တော့
" ဟာ.....ဆောရီး..ဆောရီးပါကွာ..
ကိုယ်တကယ်မေ့သွားလို့ပါ "ညက တော်တော်မူးနေတာကြောင့်ရော...
မနက်ကျ အိပ်ရာထ နောက်ကျသွားလို့ ရုံးကို
အလောတကြီး ထသွားလိုက်ရတာကြောင့်ရော...
တစ်နေ့လုံး ဖန်ပြွန်သန္ဓေလုပ်ဖို့ကိစ္စစုံစမ်းနေတာ
ကြောင့်ရော...
ကိုယ်လုပ်ထားမိတာကို တကယ်မေ့နေခဲ့တာ။အိပ်ပျော်နေတဲ့ ရှောင်းကျန့်ရဲ့
လက် ၂ ဘက်က ခုတင်တိုင်မှာ ခါးပတ်နဲ့ချည်ထားလျက်သား။ ညကတည်းက။ခုနောက်ပိုင်း....အိမ်အကူတွေကို
မခေါ်ဘဲ..အခန်းထဲမဝင်ဖို့
မှာထားတာကြောင့်လည်း..ဘယ်သူမှမသိလိုက်။ဝမ်ရိပေါ်..ခုတင်ပေါ်..ထိုင်လိုက်ပြီး
လက်ကို..ဖြည်ပေးနေတော့
နိုးသွားတဲ့ ရှောင်းကျန့်က..မျက်နှာလွှဲထားတယ်။ငိုထားတဲ့ မျက်လုံးတွေက ဖောင်းအစ်နေပြီး
တစ်နေကုန်..ရေတောင် မသောက်ထားရတဲ့
နှုတ်ခမ်းကလည်း..ခြောက်သွေ့လို့။ဝမ်ရိပေါ်က အသံတိုးတိုးနဲ့...
" ဆောရီး....ကိုယ်..မနက်က
အရေးတကြီး သွားလိုက်ရလို့ တကယ်မေ့သွားတယ်
ဆန်ပြုတ်လေး လုပ်ခိုင်းလိုက်မယ်နော်..
ဗိုက်ဆာနေပြီမလား "" ............."
နောက်ဆုံးတော့ ကျင်းရီကို ခေါ်ရပြန်သည်။
စကားပြန်မပြောတဲ့အပြင် ဆန်ပြုတ်မပြောနဲ့
ရေတောင်မသောက်တဲ့..ရှောင်းကျန့်ကြောင့်။