(3)

17.6K 1.4K 6
                                    

မြက်​ခင်းကျယ်​ထဲက သစ်​ပင်​တစ်​ပင်​​အောက်​မှာ
ကောင်​​လေး၂ ​ယောက်​။

တစ်​​ယောက်​က ​ဒေါသ ထွက်​​နေတဲ့ပုံစံနဲ့
နောက်​တစ်​​ယောက်​က​တော့ ​ခေါင်းငုံ့ထားသည်​။

" ဘာ! ​ရှောင်းကျန့်
မင်း​ပြော​တော့..japan မသွားခင်
ဦး​လေးကို..ရ​အောင်​ခွင့်​​တောင်းပြီး
ငါနဲ့ လက်​ထပ်​သွားမှာဆို "

ရှောင်းကျန့်​ မျက်​နှာအပျက်​ပျက်​နဲ့...

" တိုးတိုး​ပြောပါကွာ..
ငါက..မင်းကိုပဲချစ်​တာပါ..​ရှောင်​ထန်းရဲ့
ခဏပဲဟန်​​ဆောင်​လက်​ထပ်​ပြီးရင်
ပြန်​ကွာရှင်းလို့ရ​အောင်
ဦး​လေးက..ကြိုးစား​ပေးမှာတဲ့ "

" ​​မင်းဦး​လေးက..ဒီလိုပဲအ​ပျော့ဆွဲဆွဲပြီး
ဒီချိန်​ထိ ငါတို့ကို ခွဲလာတာ..ဘယ်​လိုယုံရမှာလဲ
ပြော​တော့ လွယ်​တယ်​ကွ."

" ဟိုလူကြီးကလည်း..သူ့ဂုဏ်​သိက္ခာကိုထိန်းချင်​ရုံပဲငါ..သူနဲ့လည်းညှိပြီးသွားပြီ..
အဲ့လူကြီးက..ရိုးရိုး​အေး​အေးကြီး
ငါ လှည့်​လိုက်​ရင်​..လည်​ထွက်​သွားမှာ
စိတ်​ချပါ...ငါက..မင်းအတွက်​ပဲ "

" ​မသိဘူးကွာ..ကျွတ်​ "

" သူက အရမ်းချမ်းသာတာတဲ့
ကွာရှင်းတဲ့အခါ နစ်​နာ​ကြေးအများကြီးရ​အောင်
တောင်းမယ်​..ငါတို့၂ ​ယောက်​..မြန်​မြန်​နီးရ​အောင်
မင်းလည်း..အလုပ်​ကြိုးစားထား "

ရှောင်းကျန့်​..ချစ်​သူကိုရှင်းပြ​နေရင်း
မ​နေ့က..ဝမ်​ရိ​ပေါ်ဆိုတဲ့လူနဲ့
တွေ့လာခဲ့တာကို..ပြန်​​တွေးမိသွားသည်​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဦး​လေးရဲ့..အာ​ပေါက်​မတတ်
နားပူ​အောင်​..​ပြောဆိုမှု​တွေ​ကြောင့်
ဝမ်​ရိ​ပေါ်နဲ့
ဆိတ်​ငြိမ်​တဲ့ coffee ဆိုင်​​လေးမှာ ​သွား​တွေ့ခဲ့သည်​။

" ကိုယ့်​ဘက်​က​တော့..မင်းကို တာဝန်​ယူ​ပေးဖို့
ဆုံးဖြတ်​ထားတယ်​..မင်းဆန္ဒက​ရော "

အကြာကြီးဘာမှမ​ပြောဘဲ
မျက်​​တောင်​​လေး​တွေတဖျတ်​ဖျတ်​ခတ်​လိုက်
နှာ​ခေါင်းကို နီရဲလာ​အောင်​ပွတ်​လိုက်
္နနှုတ်​ခမ်း​လေး​ထော်​လာလိုက်
ဖြစ်​​နေတဲ့​ရှောင်းကျန့်ကို
ဝမ်​ရိ​ပေါ်..​အေး​အေး​ဆေး​ဆေးထိုင်​ကြည့်​ကာ
စောင့်​​နေ​ပေးလိုက်​သည်​။

The Love from Windward (Completed)Where stories live. Discover now