(30)

18K 1.2K 57
                                    


" ဟိတ်​..ရွှတ်​...ရွှတ်​..ဟို​ကောင်​​လေး
ဒီမှာ အိတ်​​တွေလာဝိုင်းသယ်​အုံး
ဟိတ်​ ဟို ​ခွေးနားမှာ မြက်​နှုတ်​​နေတဲ့​ကောင်​​လေး
ခေါ်​နေတယ်​​လေ "

ဆူဆူညံညံအသံ​တွေ​ကြောင့်​ ​မြင်​ခင်းထဲမှာ​ခွေး​လေးနဲ့​ဆော့​နေတဲ့ ​ရှောင်းကျန့်​လှည့်​ကြည့်​လိုက်​​တော့
ပေါ်တီကို​အောက်​မှာလာရပ်​တဲ့ကား​ပေါ်က​နေ
ဆင်းလာတဲ့ မိန်းက​လေး၂ ​ယောက်​။

" ဟာ မမ​လေး Rose ​လာလည်​တာလား "

" ၁ ရက်​၂ ရက်​​လောက်​ လာ​နေတာ
မေ​မေက သွား​လိုက်​ဦးဆိုလို့ လာ​လေ
ဒီမှာ သူငယ်​ချင်းပါ​ခေါ်လာတယ်​ ပျင်းလို့ "

အိမ်​​တော်​ထိန်းက ခရီးဦးကြို ပြု ပြီး
အိမ်​အကူ​တွေက အထုတ်​​တွေဝိုင်းသယ်​ကြသည်​။
မြက်​ခင်းထဲထိုင်​​နေတဲ့ ​ရှောင်းကျန့်​ကို လှမ်းကြည့်​​နေ​တော့...

" အဲ့ဒါ သခင်​​လေးနဲ့လက်​ထပ်​ထားတဲ့ အစ်​ကို​လေး "

" ​သြော်​...."

တစ်​ခွန်းသာ​ပြောပြီး လှည့်​​တောင်​မကြည့်​ဘဲ ထွက်​သွားသည်​။ ထိုအချိန်​မှာပဲ ဝမ်​ရိ​ပေါ်က ပြန်​​ရောက်​လာသည်​။

" အစ်​ကိုရိ​ပေါ်ကလဲ ဘာလို့ချက်​ချင်းပြန်​လာတာလဲ Rose က ဧည့်​သည်​လည်းမဟုတ်​ဘဲနဲ့
လာ​နေကျပဲကို 
အ​ဒေါ်ကြီး​ရေ အခန်းက အရင်​လိုပဲ
အစ်​ကို့​ဘေးအခန်းပဲပြင်​​ပေး "

ထိုအခန်းမှာ ​ရှောင်းကျန့်​ပစ္စည်း​တွေရှိ​နေ​သေးတာမို့
အ​ဒေါ်ကြီးက ​ရှောင်းကျန့်​ကိုလှမ်းကြည့်​ပြီး
သခင်​​လေးကိုကြည့်​သည်​။

" အင်း...ပြင်​​ပေးလိုက်​အ​ဒေါ်ကြီး "

ရှောင်းကျန့်​က ဝမ်​ရိ​ပေါ်အနားသွားကာ ​မော့ကြည့်
လိုက်​ပြီး

" ဝမ်​ရိ​ပေါ် ကျွန်​​တော့်​....."

" အဲ့အခန်းက မင်းအခန်းမဟုတ်​​တော့ဘူး​လေ
ယူချင်​တဲ့ပစ္စည်း​တွေရှိရင်​ သွားယူလာခဲ့ "

ဘယ်​တတ်​နိုင်​မလဲ​။
သွားယူဆို​တော့ သူ့ရဲ့မူလလက်​ရင်းပိုင်​ဆိုင်​တဲ့
ပုံး​လေးကိုပဲ သယ်​ဖြစ်​​တော့သည်​။
တခြားပစ္စည်း​တွေကိုလည်း ခု​တော့မမက်​​မော​တော့။

The Love from Windward (Completed)Where stories live. Discover now