အပိုင်း (၄)

5.8K 428 5
                                    

      မိုးရာသီ၏ သီတင်းပတ်နောက်ဆုံးရက်သည် သည်းထန်စွာရွာသွန်းနေသော မိုးရေကြောင့် နှစ်သက်ဖွယ်ရာတော့ ရှိမနေချေ။ စနေနေ့မနက်ခင်းတွင် ကောင်းကင်သည် မည်းမည်းမှောင်နေတာကြောင့် ယနေ့တွင် တစ်နေကုန်မိုးရွာမည်က မြေကြီးလက်ခတ်မလွဲပေ။ အင်္ဂလိပ်စာ Guide သင်ချိန်ကို အတည်တကျသတ်မှတ်ပြီးသွားတဲ့နောက်  သူတို့သည် သွားလာရလွယ်ကူသော မြတ်၏ အိမ်ကိုသာ စုပေါင်းစာလုပ်ရန် ရွေးချယ်လိုက်သည်။ ဟန်နွေရာသည် မိုးရွာနေစဥ် သူသည် စက်ဘီးယူလာမိတာကြောင့် မိုးရေများ စိုရွှဲနေလျက် မြတ်၏ အိမ်ကို ရောက်လာသည်။ စာသင်ချိန်က ကိုးနာရီမှ ဖြစ်တာကြောင့် ရှစ်နာရီခွဲအချိန်သည် စောနေသေးသည်။

    မြတ်သည် စာသင်ရန် ခုံကို သေချာစွာ ပြင်ထားပြီး သူ့ကိုယ်သူလည်း သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည်။ တီရှပ်အဖြူနှင့် အားကစားဘောင်းဘီရှည်ကို ဝတ်ဆင်ထားတာကြောင့် သွယ်လျသော ခန္ဓာကိုယ်လေးက ထင်သာနေသည်။ တီချယ်သက်နှင့် ပထမဆုံးစာသင်ရမည် ဖြစ်၍ မြတ် စိတ်လှုပ်ရှားနေမိသည်။ အိမ်ရှေ့ပြတင်းပေါက်က အပြင်ဖက်သို့ ခဏခဏ ကြည့်နေမိသည်အထိ စိတ်လှုပ်ရှားနေမိသည်။ ကျောင်းဝတ်စုံဖြင့်သာ မြင်ဖူးသော တီချယ်သက်၏ အပြင်ပုံစံလေးကို မြင်ရရန် သူသည် အလွန်ကို စိတ်အားထက်သန်နေလေသည်။

" မြတ်ရေ မြတ်၊ နင့်ခွေးကို လာခေါ်ပေးပါဦး"
စူးရှသော ဟန်နွေရာ၏ အော်သံကြောင့် တစ်ကိုယ်တည်းပီတိဖြာနေသော မြတ်၏ အတွေးတို့သည် လွင့်ပျောက်သွားရသည်။ ထိုကောင်မလေးသည် အမြဲတစေ အထိတ်တလန့် လုပ်တတ်သည်။ မြတ်အပြင်ထွက်လာသောအခါတွင် ဟန်နွေရာသည် ချစ်စရာကောင်းလှသော Golden Retriever (ရွှေရောင်အမွှေးထူထူရှိသည့် ခွေးလိမ္မာ) လေးက သူ့ကို လျှာနဲ့လျက်နေတာကြောင့် အသည်းအသန်အော်နေလေသည်။

"Deebo အထဲဝင်နေ"
ခွေးလေးသည် သူ့သခင်၏ စကားကြောင့် အိမ်ထဲသို့ အမြီးတလှုပ်လှုပ်ဖြင့် ဝင်သွားလေသည်။ မြတ်သည် တစ်ကိုယ်လုံး ရေစိုနေသော ဟန်နွေရာ၏ လွယ်အိတ်ကို ယူလိုက်ပြီးနောက် တစ်လက်ထဲ ဟန်နွေရာ၏ စက်ဘီးကို ဂိုထောင်ထဲ ထည့်ပေးလိုက်သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now