အပိုင်း ( ၁၇ )

4.6K 355 29
                                    

တီးတောင်
အိမ်ရှေ့တွင် ဘဲလ်နှိပ်လိုက်တာကြောင့် အထဲမှ အမျိုးသမီး တစ်ဦးထွက်လာသည်။ဒေါ်သက်လျာကျော်နှင့် မြတ်သည် အဆိုပါ ပတ်ဝန်းကျင်အသစ်သို့ အိတ်ငယ်လေးတွေ ကိုယ်စီ ဆွဲလျက် ရပ်နေကြသည် အချိန်ကလည်း ညနေအချိန်ဖြစ်နေတာကြောင့် ကျနေသည် ပို၍ပင် ပူအိုက်စေသည်။ သူတို့နှစ်ဦးသည် ထိုအိမ်လိပ်စာကို တွေ့ရန် အတော်ကြာ လိုက်ရှာခဲ့ရသည်။

"ဒါ ဟန်နွေရာရဲ့ အိမ် ဟုတ်ပါသလားရှင့် "

" ဟုတ်ပါတယ် ၊ ဘယ်သူတွေများပါလဲ?"

"ကျွန်မက ဟန်နွေရာရဲ့ အင်္ဂလိပ်ဆရာမပါ၊ သူက ဟန်နွေရာ သူငယ်ချင်းပါ၊ဟန်နွေရာက  ဒီနေ့ အိမ်အသစ်‌တက်ပွဲရှိတယ်ဆိုလို့ ကူညီပေးဖို့ လာရောက်ခဲ့တာပါ "

"ဆရာမလေးတို့ကိုး၊ အထဲကိုဝင်ပါ၊ မြင်တဲ့အတိုင်း အလုပ်တွေ ရှုပ်နေတာဆိုတော့လေ ရုတ်တရက် မမှတ်မိဘူး ဖြစ်သွားတယ်။ ဆရာမလေးတို့က တကူးတက ကူညီဖို့ လာရောက်တာဆိုတော့ ကျွန်မလည်း အားနာမိပေမဲ့ တကယ်ကို အကူအညီရပါတယ်။ "

" ဟုတ်ကဲ့ပါရှင်" ဒေါ်သက်လျာကျော်သည် အဝတ်အိတ်သေးသေးလေးကို ဆွဲရင်း ထိုအမျိုးသမီးနောက်ကို လိုပ်ခဲ့လေသည်။

"မြတ်တောင် အတော်လေး အရွယ်ရောက်နေပြီပဲကိုး ၊ အန်တီလည်း သမီးတို့ အထက်တန်းရောက်ထဲက သူ့အဖေအလုပ်ကိစ္စတွေနဲ့ ရှုပ်နေတာဆိုတော့ မတွေ့ဖြစ်တာကြာလို့ မြတ်က လှလို့ပလို့ပါဖြစ်နေတာပဲ ၊ သမီးသူငယ်ချင်းကတော့ အခုထိ သူငယ်နှပ်ချေးတောင် မစင်သေးဘူး ၊ ဒီကလေးမနဲ့တော့ ခက်တယ်သမီးရယ်၊အခုလည်း ရှင်းလက်ျာကို ခေါ်ပြီး ပန်းသွားဝယ်ခိုင်းလိုက်‌တာ ဘယ်ချိန်ပြန်လာမလဲတော့ မသိပါဘူး "

" ဟန်နွေရာက အဲလိုပါပဲ၊ ငယ်ငယ်တုန်းက အတိုင်းပဲ "

" ဆရာမလေး ကိုယ့်အိမ်ကိုယ်ရာလို လွတ်လွတ်လပ်လပ်‌နေကြနော်။ အိမ်က အခုမှ ပြောင်းလာတာဆိုတော့ အိမ်က မသပ်မရပ်ဖြစ်နေတယ်ကွဲ့၊ အန်တီလည်း  တခြားဟာတွေ လုပ်ရဦးမယ် "

"ဒေါ်ကြည်ရေ ဦးလေးက ဘုန်းကြီးထိုင်မယ့်နေရာကို ပြင်ထားတာ ကြည့်ပေးပါဦးတဲ့ " မြတ်တို့စကားပြောနေစဉ် အိမ်အပေါ်ထပ်က ‌လူငယ်တစ်ဦးသည် လှမ်းပြောတာကြောင့် ဒေါ်ကြည်သည် အိမ်ပေါ်တက်သွားသေသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Nơi câu chuyện tồn tại. Hãy khám phá bây giờ