"ကဲ ဒီနေ့ ကျောင်းသားတွေ ကိုယ်ရေးအချက်အလက်တွေ ဖြည့်မယ်၊ နာမည်ခေါ်တဲ့လူ အရှေ့ထွက်လာပြီး ကိုယ်အလေးချိန်နဲ့ အရပ်တိုင်းရမယ်"
အတန်းခေါင်းဆောင်သည် သူ၏ တာဝန်အတိုင်း စာရွက်အထူကြီး တစ်ထပ်ကို သယ်ကာ ဝင်လာသည်။
"အဟမ်း မိန်းကလေးတွေကို အရင်တိုင်းပေးပါ့မယ် "
"ဟာ အတန်းခေါင်းဆောင် မတရားတွေ မလုပ်နဲ့လေ"
"အိုမို ငါတို့အတန်းက မေတ္တာရှင်ကြီးပေါ့"
" ငါတို့ အတန်းခေါင်းဆောင်က မိန်းကလေးတွေကိုဆို အတိုင်းထက်အလွန် အလွန့် အလွန့် ကို စေတနာရှိတာ "
အတန်းထဲက ယောက်ျားလေးတွေ၏ စနောက်မှုကြောင့် အတန်းခေါင်းဆောင်သည် သွားသည်ပင် နားရွက်ချိတ်မတတ် ဖြစ်နေလေသည်။
"ရှင်းလက်ျာ ငါးပေ ခြောက်လက်မ ၊ ၁၂၅ ပေါင် "
မြတ် ငါးပေ ခြောက်လက်မ၊ ၁၃၀ ပေါင် ........."အတန်းခေါင်းဆောင်သည် မိန်းကလေးတွေ၏ အရပ်ကို တိုင်းပေးနေရင်း ဟန်နွေရာအလှည့်ရောက်လာခဲ့သည်။
"ဟန်နွေရာ လေးပေ .တစ်ဆယ့်..ဖွီး ဟား ဟား ငါတို့အတန်းထဲမှာလူစဉ်မမှီတာလေး ရှိနေတယ်ဟေ့ " အတန်းခေါင်းဆောင်သည် စာရွက်ကိုကိုင်ကာ တဟားဟားအော်ရယ်နေလေသည် ။
" အတန်းခေါင်းဆောင် နင် မယုတ်မာနဲ့နော် ငါးပေပြည့်တယ်၊ သေချာပြန်တိုင်းပေး "
" နင်က ဆယ်တန်းရောက်နေပြီး လူစဉ်မမှီသေးဘူး ကျွတ် ကျွတ် "
အတန်းခေါင်းဆောင်နှင့် ဟန်နွေရာသည် အလယ်တန်းကပင် ခင်မင်လာခဲ့သူများ ဖြစ်တာကြောင့် ပြောမနာဆိုမနာ သူငယ်ချင်းတွေ ဖြစ်ကြသည့်အလျောက် အခုတွင်လည်း အတန်းရှေ့တွင် စကားနိုင်လုနေကြပြန်သည် ။"အတန်းခေါင်းဆောင် နင်ငါ့ကို တကယ်ပဲ ငါးပေလို့ မပြင်ပေးဘူးလား?"
"အင်းပေါ့ အမှန်တရားက ခါးတယ်လေ မိဟန်ဟန်ရယ် ပေမမှီဒေါက်မမှီလေးအတွက် စိုးစလပ်"
"နင်ကမှ ဒန့်သလွန်ပင်ကြီးလို ဖြစ်နေတာလေ ၊ နင် တစ်ယောက်ထဲ မလှုပ်မယှက်ရပ်နေတယ်ဆိုရင်လေ ငါက လမ်းထိပ်က အိုမင်းဟောင်းနွမ်းခြောက်သွေ့နေတဲ့ သစ်ပင်အိုကြီးလို့တောင် ထင်ရတယ် "
YOU ARE READING
မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]
Non-FictionName- You are the cause of my euphoria Main Characters - မြတ်၊ သက်လျာကျော် Side Characters -ရှင်းလက်ျာ၊ ဟန်နွေရာ Chapter - 37 completed Both Unicode and Zawgyi Version are available 《 မေတ္တာဆို အလျားအနံတော့ မရှိပေမဲ့ အသွားအပြန်တော့ ရှိတတ်တာပဲလေ...