အပိုင်း ( ၁၃ ) ♥️

7K 407 17
                                    

      ပန်းပွင့်အဖြူများဖြင့် အလှဆင်ထားသော ခြံဝင်းထဲ၌ နားဝင်ချိုဖွယ်ကောင်းသော တေးသံသာလေးသည် တိုးတိုးသာသာ ထွက်ပေါ်နေလေသည်။ လူအများကြီးရှိနေကြခြင်းမဟုတ်ဘဲ နည်းနည်းသာ ရှိသော ညနေပိုင်းအခမ်းအနားသည် အစိမ်းသက်သက်မဖြစ်စေဘဲ ရင်းနှီးမှုကို ခံစားရပြီး ပွင့်လင်းသက်သာစွာ နေနိုင်လေသည်။ နေဝင်ရီတရောအချိန်လေးတွင် ရေကန်၏ရေပြင်ပေါ်တွင် နီညိုရောင် တိမ်များ၏ ရောင်ပြန်ဟပ်မှုကို ထင်ဟပ်နေစဉ်တွင် မွေးမြူထားသော ငါးလေး‌က ရေပြင်ပေါ် ရုတ်တရက် တက်လာတာကြောင့် ထိုတိမ်စုလေးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားလေသည်။ဒေါ်သက်လျာကျော်သည် 'အို'ဟူသော အာမေဋိတ်လေး ပြုမိသည် ။

  ယနေ့ညနေတွင် သူသည် သူငယ်ချင်းတစ်ဦး၏ ကလေးမွေးနေ့ပွဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ လှိုင်းတွန့်သဏ္ဍာန်ဆံပင်ရှည်များကို ချထားပြီး ပုဇွန်ဆီရောင်သမ်းသော မြန်မာဝတ်ဆင်လေးသည် တိကျလှပသော ခန္ဓာကိုယ်နှင့် တင့်တယ်နေလေသည်။ နေညို‌ချိန်တွင် ထိုအမျိုးသမီးပေါ်သို့ ဆည်းဆာနေရောင်လေး ဖြာကျနေပုံက နာမည်ကြီး နန်းတွင်းအကျော်အမော်က ဆေးစက်ရေးဆွဲထားသကဲ့သို့ ပန်းချီတစ်ချပ်အလား တန်ဖိုးကြီးလှပြန်သည်။

"သက်လျာကျော် တစ်ဦးထဲ ဖြစ်နေပါလား? တခြားသူတွေနဲ့အတူ ‌စကားဖောင်ဖွဲ့လှည့်ပါဦး " ယနေ့မွေးနေ့ရှင်၏ အဖေဖြစ်သော ရဲမာန်က ချစ်စဖွယ်ကလေးတစ်ဉ်းကို ချီလျက် သက်လျာကျော်ကို ပြောလေသည်။ ရဲမာန်သည် သက်လျာကျော်နှင့် ကျောင်းကတည်းက ခင်မင်ရင်းနှီးခဲ့ပြီး တက္ကသိုလ်တက်စဉ်က တစ်နယ်စီကျကာ ဝေးသွားရပေမဲ့ အလုပ်ခွင်ပြန်ဝင်ရင်း ပြန်တွေ့ရခြင်း ဖြစ်သည်။ ငယ်သူငယ်ချင်းများဖြစ်ဝာာကြောင့် အခက်အခဲမရှိခဲ့ပေ။ထို့ပြင် ဖော်ရွေတတ်သော လူများသာ ဖြစ်တာကြောင့် သက်လျာကျော်သည် ရဲမာန်တို့နှင့် ပိုမိုခင်မင်ခဲ့သည်။

" ပိုးငယ်လေး အန်တီလေးကို နှုတ်ဆက်လိုက်ပါဦး " ရဲမာန်သည် ကလေးကို ပြောလိုက်သောအခါ ကလေးမလေးသည် သက်လျာကျော်ကို ပြုံးပြရင်း နှုတ်ဆက်လာသည်။ပိုးငယ်လေးဟု ချစ်စဖွယ်ခေါ်ကြသော ကလေးမ‌လေးသည် မြတ်ရိပ်ငြိမ်ဟု ခေါ်လျက် ယခုတွင် နှစ်နှစ်ပြည့်နေပြီ ဖြစ်သည်။ ဂါဝန်လှလှလေး ဝတ်ဆင်ထားသော ကလေးမလေးသည် ချောကလက်မုန့်လေးတစ်ခုကို ကိုင်ထားလျက် သူ့အား  ပြုံးပြလာခဲ့သည် ။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now