အပိုင်း ( ၁၁ )

4.9K 384 19
                                    

"ဟူးးး မောလိုက်တာ ပင်ပန်းလို့ သေတော့မှာပဲ "
ဟန်နွေရာသည် ကလေးပုခတ်ပေါ်  ထိုင်ချရင်း ငြီးတွားလိုက်သည်။ ကျောင်းကို ပတ်ပြေးလာရတာကြောင့် သူတို့သည် အလွန်တရာကို မောဟိုက်နေကြသည်။ ရှင်းလက်ျာသည်လည်း နဖူး၌ ချွေးစများတွဲလဲခိုနေကြကာ အမှန်တကယ်မောပန်းနေပုံရသည် ။

" နင်နဲ့ မြတ်က ဘာဖြစ်ကြတာလဲ၊ သူက ဘာလို့နင့်ကို လိုက်ရိုက်နေရတာလဲ"

" ဟီး ဟီး ငါသူ့ကို စိတ်တိုအောင် စလိုက်မိလို့ပါ " ဟန်နွေရာသည် ပုခတ်ကို လွှဲလိုက်ရင်း ဖြေလိုက်သည်။

" အရမ်းတော့ အလွန်အကျွံဖြစ်မသွားစေနဲ့၊ သူလည်း ကြာလာရင် စိတ်ဆိုးလာလိမ့်မယ်"

" ငါသိပါပြီ ။ ရှင်းလက်ျာ ငါ့ကို ပုခတ်လွှဲပေး "

    အနာဂတ်ဆိုသည်ကို ပူပန်စရာမလိုသေးသော ငယ်ရွယ်သည့် ကလေးငယ်လေးများသည် အလယ်တန်းကလေးကစားကွင်း၌ ပျော်ရွင်စွာ ကစားနေကြလေသည်။

      ဒေါ်သက်လျာကျော်သည် ပတ်ဝန်းကျင်မှ အသံများကြောင့် အသိဝင်လာခဲ့သည်။ ထို့ကြောင့် မြတ်၏ ရင်ခွင်ထဲကနေအလျင်အမြန်ထလိုက်သည်။ ပန်းဗန်းကို မှောက်ချမိသော ကောင်မလေးသည် အလျင်အမြန်တောင်းပန်ခဲ့ပြီးနောက် ထိုလှေကားနေရာတွင် မြတ်နှင့် ‌ဒေါ်သက်လျာကျော်သာ ကျန်ခဲ့သည်။ဒေါ်သက်လျာကျော်သည် လုပ်စရာအလုပ်များရှိသေးတာကြောင့် ထွက်သွားရန်ပြင်လိုက်စဉ်တွင် မြတ်သည် ‌ဒေါ်သက်လျာကျော်၏ လက်ကို ဆွဲလိုက်သည်။

"တီချယ်ကို မြတ်ပြောစရာလေး ရှိလို့ပါ။ ဟန်နွေရာ ပြောသလိုမျိုး မြတ်နဲ့ စိုင်းနေရှင်းက အတွဲတွေ မဟုတ်ပါဘူး။ အဲတာက အထင်လွဲတာတာပါ။စိုင်းနေရှင်းက တခြားတစ်ယောက်ကို ဖွင့်ပြောတာပါ။အဲတာကြောင့် အထင်မလွဲပါနဲ့နော် "

   ဒေါ်သက်လျာကျော်သည် မြတ်၏ အပြစ်ကင်းစင်နေသော မျက်ဝန်းကြည်ကြည်လေးများနှင့် သူ့အားအထင်လွဲနေမည်ကို စိုးရိမ်နေသော ကလေးအတွေးများကြောင့် သူသည် ကြည်နူးနေမိသည်။

"ဘယ်သူက အထင်လွဲနေလို့လဲ? တီချယ်က အထင်မလွဲပါဘူးနော် "

" အဲတာဆို ရှေ့နေ့တွေတုန်းက တီချယ် မြတ်ကို တမင်ရှောင်နေတာ မဟုတ်ဘူးပေါ့၊ တော်သေးတာပေါ့ မြတ်က တီချယ် အထင်လွဲနေတယ် ထင်လိုက်တာ။အဲတာကြောင့်တီချယ် မြတ်ကို တမင်ရှောင်နေတယ် ထင်ပြီး တစ်လျှောက်လုံး စိုးရိမ်နေခဲ့တာ " မြတ်သည် တီချယ်၏ လက်လေးကို နူးညံ့စွာ ကိုင်ရင်း ပြောနေသည်။ ဒေါ်သက်လျာကျော်သည် ထိုနူးညံ့လှသော အပြုအမူလေးကြောင့် သူသည် အလွန်ကို ရင်ခုန်သွားသည်။ ထို့ကြောင့် သူသည် ရှက်ရိပ်လေးသမ်းကာ မြတ်ကို တွန်းထုတ်မိတော့သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Donde viven las historias. Descúbrelo ahora