အပိုင်း ( ၂၉ )

3.7K 319 18
                                    


    အုတ်ကြွပ်များမိုးထားသော ခေါင်ကနေ မိုးရည်စက်များသည် ကျောက်တုံးသေး‌သေးများ  စီထားသော ‌‌လမ်းမျက်နှာပေါ်သို့ တတောက်တောက်ကျနေသောကြောင့် တဖြောက်ဖြောက်နေ မြည်နေလေသည်။ မိုးကတော့ သည်းလာတော့မည် လက္ခဏာရှိသည်။ 

    ညက မိုးလေဝသကြေညာချက်ကို ကြည့်မိလျှင် အကောင်းသားဟု မြတ် တွေးမိသည်။ မိုးရေထဲက ဖြတ်လာရတာကြောင့် စိုနေသော ‌ထီးကို ရေစစ်စေရန်အတွက် နံရံတွင် ထောင်ထားလိုက်သည်။ ထိုစဥ် အမှတ်တမဲ့ပင် အပြင်ဖက်သို့ ကြည့်လိုက်မိသည်။

    အနီးတွင် ကျောင်းရှိသည်။ ဖြေးဖြေး မောင်းပါ ဟူသော သတိပေးဆိုင်းဘုတ်က လမ်းဘေးတွင် စိုက်ထူထားသည်။ မိုးရွာနေတာကြောင့် ထို အမှတ်အသားဆိုင်းဘုတ်လေးက ရွှဲစိုနေသော်လည်း ကောင်းစွာ မြင်ရသေးသည်။ ထိုအချိန်တွင် ကျောင်းသူတစ်ဦးနှင့် ဆရာမတစ်ယောက်က ထိုလူသွားလမ်းပေါ်ကနေ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်သည်။

   မြတ်သည် အပြုံးလေးတစ်ခုကို မျက်နှာပေါ် ချိတ်ဆွဲလိုက်သည်။

"ကျောင်းတွေတောင် ပြန်ဖွင့်ပြီကိုး "

    ရှေ့နှစ်က ယခုလို ရက်မျိုးတွင်တော့ သူသည်  မြောက်ပိုင်းခရိုင် အထက်တန်းကျောင်းတစ်ခု၏ တန်းခွဲ A အထဲတွင် အဖြူအစိမ်းကျောင်းသား ဝတ်စုံလေးဝတ်ထားသော ကျောင်းသူလေး ဖြစ်နေပေလိမ့်မည် ။ နှစ်သစ်ရဲ့ အစမှာ သူက အထက်တန်းကျောင်းသူလေး ဖြစ်ကာ တက္ကသိုလ်ဝင်ခွင့်ကိုသာ အာရုံစိုက်နေပါလိမ့်ဦးမည်။ ယခုလို မိုးရွာတဲ့ နေ့လေးမှာ သူမကို မတွေ့မိသေးခင်အထိပေါ့။

   အတိတ်က အမှတ်တမဲ့ အဖြစ်အပျက်တွေက အမှတ်တရအဖြစ် ရင်ထဲ ကျန်ရစ်ခဲ့တယ်။ ကျဆင်းသွားတဲ့ မိုးရေစက်တွေကတော့ အငွေ့ပျံပြီး လေထုထဲကို ပျံ့သွားနိုင်ပေမဲ့ စိုက်ပျိုးလိုက်သော အချစ်သစ်ပင်လေးကတော့ ယခုအချိန်မှာသူရဲ့ ရင်ဘတ်ထဲမှာ သစ်ပင်ကြီး တစ်ပင်အဖြစ် အမြစ်တွယ်နေခဲ့ပြီလေ။ အမြစ်တွေက သူ့ရဲ့ နှလုံးသားတွေကို ကုတ်ဖဲ့လိုက်တာကြောင့် နေ့တိုင်းလိုလို သွေးတွေ စိမ့်ယိုနေတာကိုတော့ သူ လျစ်လျူရှုလိုက်ပါမည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Donde viven las historias. Descúbrelo ahora