အပိုင်း ( ၂၁ ) 💕

6.4K 379 26
                                    


    ဒီဇင်ဘာလ၏ နံနက်ခင်းသည် ဆောင်းငွေ့ငွေ့လေးလေးဖြင့် အနည်းငယ် ချမ်းအေးနေလေသည်။နှင်းမကွဲသေး၍ နေပင် မထွက်သေးသော အချိန်၌ တစ်ယောက်သောသူသည် ခြံရှေ့တွင် ရပ်နေကာ သူမ၏ လက်ထဲတွင်လည်း စားစရာခြင်းတောင်းလေးပါသည် ။ သူမသည် လှိုင်းတွန့်သဏ္ဍာန်ဆံပင်ရှည်များကို ရိုးရိုးလေး စုစည်းချည်ထားပြီး ဆွယ်တာအဖြူလေးနှင့် အပြာကွက်ဆင်ထဘီလေးကို ဝတ်ဆင်ထားသည်။  မိတ်ကပ်ပါးပါးလေးသာ လိမ်းထားတာကြောင့် နဂိုမျက်နှာလေးက ဝင်းပနေပြန်သည်။

သူမသည်ကား ဒေါ်သက်လျာကျော်ဆိုသော အမျိုးသမီးပင်တည်း။

"ငွေနှင်းရည်စက်လေး စံပယ်ပွင့်ပေါ်  ကြွေကျတော့
ငွေပိုးဥလေး လရောင်အောက်မှာ ရွှန်းပတယ်"

ဆိုသော  စာသားလေးအတိုင်းပင်
ရွှန်းစိုလှသော အလှကလေးသည်
ဖူးဖူးကြွကြွလေး ဖြစ်နေလေသည်။
မြန်မာဆန်ဆန်လေး ဝတ်ထားတာကြောင့်
မြင်သူတိုင်း  ရင်ထဲအေးလှပါဘိတယ်။

တီ တီ ကားဟွန်းတီးသံ ကြားလိုက်ရသည်။

"တီလေး ကျွန်တော် လာပြီဗျို့ " သန့်ဇင်မောင်သည် ဂီတာ၊ ကျောပိုးအိတ်နှင့် စားစရာခြင်းတောင်းကို ဆွဲလျက် ပြေးထွက်လာသည် ။

   ယနေ့သည် သန့်ဇင်မောင်တို့ ဒီဇင်ဘာလ စာမေးပွဲပြီးချိန်တွင် ကျောင်းပိတ်ရက် ၁၀ ရက်ရခြင်း ဖြစ်သည်။   ထိုမတိုင်ခင်က စကားပြောကြရင်း စပ်မိစပ်ရာဆိုကြရာမှ သန့်ဇင်မောင်က သူ့အဖိုး၏ သဘာဝသစ်တောခြံကို လိုက်လည်ရန် စကားစခဲ့ရာ ဒေါ်သက်လျာကျော်ကလည်း ထောက်ခံတာကြောင့် ယခုလို သွားရန် ဖြစ်လာခဲ့သည်။ထိုသဘာဝသစ်တောခြံသည် ဒေါ်သက်လျာကျော်၏ ဦးလေးတစ်ယောက်က ပိုင်ဆိုင်ကာ  အဖိုးဖြစ်သူ၏ လက်အောက်တွင် လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်လေသည်။ ပဲခူးရိုးမ၏ တစ်နေရာတွင် တည်ရှိသောထိုရွာကလေးသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်သည့်အပြင် မကြာခင်တွင် ခရီးသွားဧည့်သည်များကိုပါ လာရောက်လည်ပတ်ခွင့်ပြုတော့မည် နေရာတစ်ခုဖြစ်သည်။

   ဤနေရာသည် စိတ်ဖိစီးစရာများလှသော ဆယ်တန်း ကလေးငယ်များအား အနားယူသည့်အနေဖြင့် လာရောက်လာစေရန် ကောင်းမွန်လှတာကြောင့် ဒေါ်သက်လျာကျော်သည် အစီအစဉ်ချကာ ခေါ်လာခဲ့သည်။ လမ်းခရီးသွားလာမှုအတွက် မြတ်က သူ့အိမ်ကနေ ဗန်ကားဖြင့် လာကြိုပေးမည်ဟု ဆိုတာကြောင့် တစ်ညအိပ်ခရီးစဉ်လေးက အခုလို စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now