အပိုင်း ( ၅)

5.6K 394 12
                                    

      ယနေ့သည် ကျောင်းဖွင့်ရက်ဖြစ်တာကြောင့်  ဒေါ်သက်လျာကျော်သည် ကျောင်းသွားရန်အတွက် အဖြူအစိမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး မှန်ရှေ့တွင် ဆံထုံးထုံးနေလေသည်။ အထက်တန်းအောင်စဥ်က စီးပွါးရေးတက္ကသိုလ်တက်ခိုင်းခဲ့သော မိဘနှစ်ပါးကို လွန်ဆန်ကာ မိမိနှစ်သက်ရာ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့သည့်အတွကိ မိဘများက စိတ်ကွက်ခဲ့ကြသော်လည်း မိမိနှစ်သက်ရာကိုသာ ရွေးချယ်ခဲ့သည့်အတွက် ကျေနပ်မိပေသည်။ မိမိသဘောကျပညာရပ်ကို သင်ကြားခွင့်ရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပြီးနောက်တွင် ယခုအထက်တန်းကျောင်း၌ အင်္ဂလိပ်စာပြ ဆရာမတစ်ဦးဖြစ်လာရသည်။
ဒေါ်သက်လျာကျော်သည် ဆံထုံးအား နောက်ဆုံးကလစ်တစ်ချောင်းထိုးပြီးချိန်၌  ကျေနပ်စွာ ပြုံးလိုက်သည်။

ဒေါက်  ဒေါက်

"သမီးရေ အမေ အခန်းထဲကို ဝင်လာခဲ့ပြီနော်"
ဒေါ်သက်လျာကျော်သည် သူ့အမေက အခန်းထဲ ဝင်လာကြောင့် နှုတ်ခမ်းကို မသိမသာ ဆူထားလိုက်သည်။ သူသည် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်နေသော်လည်း  သမီးမိန်းကလေးတစ်ဦးသာ ရှိသော အိမ်တွင် ကလေးသဖွယ် ဆက်ဆံခံနေရမြဲ ဖြစ်သည်။  အမြဲတစေ အရိပ်တကြည့်ကြည့်စောင့်ရှောက်ခံနေရဆဲပင် ဖြစ်သည်။ ဒေါ်ခေမာသည် ဆံထုံးကို ပန်းပန်နေသော သမီးကို ကူညီကာ ပန်ပေးလိုက်သည်။

"သမီး၊ သမီးလည်း အသက်မငယ်တော့ဘူး။ အိမ်ထောင်ရက်သားပြုဖို့ စဥ်းစားပါဦး။ အခုလည်း သမီးလုပ်ချင်တဲ့ ဆရာမအလုပ်ကို လုပ်ခွင့်ရနေပြီလေ။ သမီးအစ်ကိုကိုပဲ ကြည့်။မောင်သန့်ဇင်လေးတောင်မှ အထက်တန်းရောက်နေပြီ။ သမီးမိန်းကလေးဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရတယ်တဲ့။ မောင်မြတ်လင်းခန့်ကလည်း သမီးကို လူကြီးစုံရာနဲ့ လာရောက်တောင်းရမ်းချင်တယ်လို့ ပြောတယ်။ မောင်မြတ်လင်းခန့်က လူကောင်းလေးပါ။ သမီးရော ဘယ်လိုသဘောရလဲ "

"သမီးအိမ်ထောင်ရေးကို သမီးဘာသာ ဆုံးဖြတ်ပါရစေ။ သမီးလည်း အရွယ်တစ်ခုရောက်နေပါပြီ။ သမီးကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မေမေတို့ လေးစားပေးပါ "

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now