အပိုင်း ( ၁၂ )

4.8K 370 30
                                    

" အရမ်းကို သဘောကျနေရင် ဘာလို့ မဖွင့်ပြောတာလဲ?"

"ဟင်!" မြတ်သည် ရှင်းလက်ျာကို အာမေဋိတ်အသံဖြင့် ပြန်ဖြေလိုက်သည်။

" နင် ဘာတွေ ပြောနေတာလဲ ငါ မသိဘူးနော် "

"နင် တီချယ်သက်ကို သဘောကျနေတာ မဟုတ်ဘူးလား?"

" နင့်ကို ဟန်နွေရာပြောတာလား?"

" ဟန်ဟန်နဲ့ ဘာမှ မဆိုင်ဘူး။ သူက စကားအရမ်းများပေမဲ့ လျှို့ဝှက်သင့်တာတွေကိုလည်း ထိန်းသိမ်းဖို့ သိပါသေးတယ်။ လက်လွတ်စပယ်မပြောပါနဲ့ !"

"အာ ဆောရီး ငါက သူလို့ ထင်လိုက်မိတယ်။နင် ဘယ်လိုထင်လဲ  "

" ဘာကိုလဲ ?"

" ငါနဲ့ တီချယ်ကိုလေ၊ ငါ အမှတ်တိုင်းပြောရရင် ဘာလုပ်ရမလဲ မသိဘူး။ငါ အရင်က တခြားသူတွေကိုလည်း သဘောမကျဖူးဘူး။ ဟန်နွေရာက ပိုးပန်းတာမျိုး လုပ်ကြည့်လို့ပြောပေမဲ့ ငါ ဘာလုပ်ရမလဲ မသိဘူး။ငါ သိတာက ငါ တီချယ်ကို မြင်ရရင် ပျော်တယ်။ တီချယ့်ကို စိတ်ချမ်းသာ‌စေဖို့အတွက် ငါလုပ်ပေးချင်တယ်။တီချယ့်ကို စိတ်ညစ်အောင် လုပ်ပေးတဲ့သူတွေကို ငါ မုန်းတယ် "

    မြတ်၏စကားများကို နားထောင်ရင်း ဟင်းလျာများကို ထည့်နေသော ရှင်းလကျာ်၏  မျက်နှာက မည်းမှောင်လသည်။

" အဲတာတွေကို ဘာလို့ ငါ့ကိုလာပြောနေတာလဲ?! ငါ နေ့လယ်စာ လာစားတာ၊ ခွေးစာတွေ နင်မနေချင်ပါဘူး !"

" ငါက အဲလိုပဲသိတာမို့လို့ နင့်ကို မေးနေတာလေ ၊ ဟန်နွေရာကို ပြောပြရင်လည်း သူက ငါ့ကို ပေါက်ကရတွေပဲ ဖြေပေးမှာ ".

" ရိုးရိုးသားသားနဲ့ စိတ်ခံစားချက်အတိုင်း လုပ်လိုက်လေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါက အတည်ပြုချင်ယုံပါပဲ၊ အားပေးဖို့ စိတ်ကူးလည်း မရှိသလို နှောင့်ယှက်တာမျိုး လုပ်ဖို့လည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ နင် ဟန်နွေရာကို လက်လွယ်စပယ် ထုရိုက်တာမျိုး မလုပ်ပါနဲ့၊ ငါ မကြိုက်ဘူး"

"အေးပါ။ငါ သိပါတယ်။ နင်ကျတော့ သူနဲ့အရင်ကတည်းက ရင်းနှီးလို့ လွယ်ပေမဲ့ ငါကျတော့ တီချယ့်သက်ကျတော့မတူဘူးလေ၊ ပြီးတော့ သူက ဆရာမဖြစ်နေသေးတယ်လေ"

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now