အပိုင်း ( ၂၄ )

4K 323 16
                                    

   အစိုးရစစ်စာမေးပွဲဖြေရန် တစ်လလောက်သာ လိုသောအချိန်တွင် ကျောင်းသားအားလုံးသည် ကိုယ်ပိုင်စာလေ့လာခြင်းဖြင့် အလုပ်ရှုပ်နေကြပြီး မည်သည်ကိုမှလည်း အာရုံထား ရန် မအားလပ်ကြတော့ပေ။ ကိုယ်ပိုင်စာလေ့လာချိန်ကို ရောက်နေကြပြီ ဖြစ်တာကြောင့် ညကျောင်းလည်း မတက်ကြတော့တာကြောင့် သူငယ်ချင်းများနှင့်လည်း အဆက်အသွယ် မရှိသလောက် နည်းပါးလာကြသည်။

     မနက်စောစောအချိန်ကပင် အိပ်ရာထကာ သင်္ချာတွက်နေသောမြတ်သည် မနက်ရှစ်နာရီခန့်ရောက်သောအခါတွင် သူသည် အကြောဆန့်ကာ ဇီဝဗေဒစာအုပ်ကိုယူကာခြံထဲတွင် လမ်းလျှောက်ထွက်ရန် ဆင်းလာသည်။ ဖုန်းကို ယူကာ တီချယ့်စာပို့ထားသည်များ ရှိမလားကို စစ်ဆေးကြည့်သည်။ မည်သည့်ကိုမှ ပို့မထားတာကြောင့် သူ အနည်းငယ်လောက် စိတ်ဆိုးသွားသည်။ သို့သော်လည်း ကိုယ်က ပိုချစ်ရသူ မဟုတ်ပေလော။ ကျောင်းအလုပ်တွေလည်း ရှိနေသေးသော သူမအား နားလည်ပေးရမည်။ထို့ကြောင့် သူကပင် စ၍ စာပို့လိုက်သည်။

"တီချယ် ကျောင်းမှာ အလုပ်ရှုပ်နေလားဟင်၊ မြတ် စကားနည်းနည်းလောက် ပြောလို့ရမလား "

   မြတ်သည် ဖုန်းကို ခုံတန်းပေါ် ချရင်းကောင်းကင်ပေါ်သို့ မော့ကြည့်မိသည်။ မကြာခင်၌ပင် နွေဦးရောက်တော့မည် ဖြစ်‌ပေသည်။ အိမ်က ဗာဒံပင်ကြီးဆီက ပုရစ်ဖူးလေးပင် ဖူးသစ်စပြုနေပြီ ဖြစ်သည်။

   နွေကတော့သူ့ရာသီစက်ဝန်းအခိုက် အချိန်ကျ ရောက်လာမည် ဖြစ်သော်လည်း မြတ်အတွက်ကတော့ ယခုနှစ် နွေက ရာသီစက်ဝန်းတွေထဲမှာ အလှပဆုံး ဖြစ်နေမည် ဖြစ်သည်။ ဆယ်စုနှစ် ၂ ခုစာမျှ  ဖြတ်သန်းလာခဲ့သော ဝသန်ကာလသည်လည်း ယခုနှစ်မှ ပို၍ နှစ်လိုဖွယ်ကောင်းနေသည်ဟု ခံစားခဲ့ရသည်။ခေါင်တံမြိတ်က ကျနေသောမိုးရေစက်တွေက သူမကြောင့်ပဲ လှပသော ငွေပုလံဥများဟု ကိုယ် သီကျူးတတ်ခဲ့သည် မဟုတ်ပေ‌လော။အေးခဲခြောက်သွေ့သော ဟေမန်‌ဆောင်းကိုလည်း အေးချမ်းသော သူမ၏ အပြုံးလေးအား တွေးလိုက်ရုံနဲ့ပင် နွေးထွေးနေသည်ဟု ထင်မှတ်ခဲ့သည်။ သူ့ကြောင့် ကိုယ့်ရဲ့အရာရာက ကဗျာဆန်လာခဲ့ရသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now