အပိုင်း (၃၄ )

4.3K 352 7
                                    

" မာမား "

ကြည်မင်းသဏ္ဍာန်သည် သူ့အမေဆီသို့ ပြေးသွားစဉ် အဖေဖြစ်သူက ကောက်ချီလိုက်ပြီး မြှောက်တင်လိုက်သောအခါ ကလေးငယ်က တခစ်ခစ်ရယ်မောလာခဲ့သည်။

" ဧည့်သည့်တွေ ရောက်နေတာကိုး "

"ဟုတ်တယ် ဒေါ်လေး၊ ဒါ ဟန်ဟန်ပြောဖူးတဲ့ သူငယ်ချင်းတွေ မြတ်နဲ့ ရှင်းလက်ျာ၊ ဟေး ဒါက ငါ့အဒေါ် ဒေါ်မြတ်ယမုံ၊ ဘေးက ငါ့အဒေါ် ခင်ပွန်း ဦးစိုးသာထွန်းတဲ့ "

" ဟန်ဟန်က သမီးတို့အကြောင်းကို ပြောပြဖူးပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်၊ "

"ဟုတ်ကဲ့, အဲတာ ဒေါ်လေးရဲ့ သားလားဟင် "
ရှင်းလက်ျာက လျင်မြန်စွာ မေးလိုက်သည်။

" အင်း ဟုတ်တယ်လေ၊ အခုက အိမ်အသစ်ပြောင်းနေတုန်း ပရိဘောဂရွှေ့နေတော့ သားသားကို တူမလေးဆီ ခဏပို့ထားတာပေါ့ ၊ သားသားက နည်းနည်းဆိုးတော့ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးနေမိတာ "

" အာ မဟုတ်တာ။ ကလေးက အရမ်းလိမ္မာတာ ခုလေးတင် အတူမနက်စာစားနေကြသေးတာ၊ လာ ကလေးလာ မနက်စာ ဆက်စားကြစို့ "
ရှင်းလက်ျာက ကလေးငယ်ကို ချိုသာစွာ ချော့မော့ပြော၍ ထမင်းစားခန်းခေါ်သွားလေသည်။

ဟန်နွေရာက ချက်ချင်းပင် အချိုးပြောင်းသွားသော ရှင်းလက်ျာကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

"အမျိုးမျိုးပဲ တတ်လည်း တတ်နိုင်လွန်းတယ် "

"သမီး၊ ဉီးလေး ပစ္စည်းတွေ ထားထားတာ ပြန်သယ်သွား‌တော့မယ်၊ ဒီအတောအတွင်း ကူညီပေးခဲ့တာ ကျေးဇူးပါကွယ် "

"ရပါတယ် ပြသနာ မရှိပါဘူး၊ ဦးလေးစိုး "

" သမီးတီချယ့်ကိုလည်း အိမ်တက်ပွဲနေ့ကျ လာတဲ့အခါ ပေးလိုက်ဦး၊။ သမီးတီချယ်က အခု ဦးလေးနေတဲ့ အိမ်အသစ်ကို သိမှာ မဟုတ်ဘူး "

" သမီးတာဝန်သာ ထားလိုက် "

" စကားကောင်းနေတာနဲ့ နောက်ကျ‌နေပြီ၊ သားသားကို ညနေကျရင် ဒေါ်လေးလာခေါ်မယ်။ အခုတော့ ဒေါ်လေးတို့ သွားပြီ "

"ဟုတ် ဒေါ်လေး "
ဟန်နွေရာက သူ့အဒေါ် လင်မယားကို ပြန်ရန် ကူညီပေးလိုက်သည် ။ ပြီးနောက် နေ့လယ်စာ ချက်ပြုတ်ရန် မီးဖိုချောင် ပြန်ဝင်လာခဲ့သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Donde viven las historias. Descúbrelo ahora