အပိုင်း (၃၅)

4.3K 360 10
                                    

     ခေတ်မီဆန်းသစ်စွာ တည်ဆောက်ထားသော ရုံးခန်း၏ ဒီဇိုင်းသည် အမှန်တကယ်ပင် သက်တောင့်သက်သာရှိသည်။ လေအေးပေးစက်၏ အပူချိန်သည် သိပ်မမြင့်သကဲ့သို့ သိပ်လည်း ‌မအေးလှပေ။ နေထိုင်ရန် အကောင်းဆုံး အခြေအနေတွင် ရှိသည်။များမြောင်လှသော ဖိုင်တွဲများ၊ စာအုပ်များများဖြင့် တခြားသော အထောက်အကူပြု ပစ္စည်းများလည်း ရှိသည်။   ကွန်ပျူတာကီးဘုတ်ပေါ် စာရိုက်နေသံ တဂျောက်ဂျောက်အသံများအပြင် တခြားသော အသံများက ပကတိငြိမ်သက်လျက် ရှိသည်။ အခန်းထဲတွင် Mega လုပ်ငန်းစု ဥက္ကဌကြီးက လုပ်ငန်းစုတစ်ခုအား ဆုမွန်ကောင်းတောင်းသည့် စာလွှာတစ်ခုကို ရေးသားနေပြီး ဆိုဖာပေါ်တွင်မူ ဆက်ခံသူ တစ်ဦးဖြစ်သည့် မြတ်က ဆိုဖာတွင် ထိုင်ကာ ကော်ဖီကို ‌အေးဆေးသက်သာစွာ ထိုင်‌သောက်နေသည်။

" ရုံးခန်းက အချိန်ဖြုန်းစရာ နေရာ မဟုတ်ဘူး။ ဘာကို ပြောချင်တာလဲ။ ပြောပြီးရင် အလုပ်သွားလုပ် "

" မန်ဟက်တန်ကို သွားခိုင်းတဲ့ ရည်ရွယ်ချက်က ဘာလဲ? "

" စီးပွားရေးဆိုင်ရာ အချက်အလက်တွေပို သိပ္ပံနည်းကျတတ်မြောက်စေဖို့အတွက် "

"နိုး နိုး အဲတာ မဟုတ်ဘူး၊ ဒေါ်သက်လျာကျော်ကို အကြပ်ကိုင်ခဲ့တာလား?"

   ဦးမြတ်မင်းဦးက စာရိုက်နေရာမှ မြတ်အား တစ်ချက်ကြည့်သည်။ ပြီးနောက် စာကို ဆက်ရိုက်နေပြန်သည် ။

" ဟို အမျိုးသမီးလား? နာမည်က သက်လျော်ကျော်ကိုး "

" မသိချင်ယောင်ဆောင်မနေပါနဲ့၊ ဒီကြားထဲမှာ ဘာလို့ ဒေါ်သက်လျာကျော်က လက်ထပ်သွားပြီလို့ ပြောခဲ့တာလဲ?! "

"ငါ ပြောခဲ့တယ်ဆိုတာ သေချာလို့လား?"

" ပါးစပ်က မပြောခဲ့ပေမဲ့ အဲလိုကိစ္စတွေကို ဒီတိုင်းရပ်ကြည့်နေခဲ့တာ မဟုတ်ဘူးလား?"

" အရည်အချင်းရှိရင် ကိုင်တွယ်နိုင်မယ့် ကိစ္စမျိုးပဲ၊ ဝင်ပါဖို့ မလိုအပ်ဘူး၊ တကယ်လို့ အဲတာတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် ကိုယ်ပိုင်းရုံးခန်းထဲက  ဆိုင်းဘုတ်ကို လမ်းဘေးပစ်လိုက်တော့ " ဦးမြတ်မင်းဦးက အသံအေးအေးဖြင့် ပြော၏။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now