အပိုင်း ( ၂၂ )

4.6K 356 12
                                    

" နောက်ဆုံးတော့ ရောက်ပြီ ရေးး "
သန့်ဇင်မောင်သည် ကားပေါ်ကနေ ဆင်းရင်း ပြောလိုက်သည်။

"အစ်ကို ဒီနေရာက အရမ်းပျော်စရာကောင်းတာ သိလား? နေရာအကောင်းတွေလည်း ရှိပြီး စားစရာတွေလည်း ရှယ်ကောင်းတာ၊ ကျွန်တော် အစ်ကို ခေါ်သွားဖို့ လုံးဝကို စိတ်အားထက်သန်နေပြီ "

"ဘယ်သူက မင်းနဲ့လိုက်မယ် ပြောနေလို့လဲ! ဖင်ညောင်းရတဲ့အထဲ မင်း တိတ်တိတ်လေး နေပေးလို့ ရမလား "

" ညောင်းနေရင် ကျွန်တော် နှိပ်ပေးမယ်လေ"

"ငါ့ဖင်ကြီးကိုပဲ လာနှိပ်!! " ဟန်စစ်သွေးသည် စိတ်တိုလာကြောင့် ဆဲရေးမိတော့သည်။

" အဲနေရာကိုပဲ နှိပ်ပေးမယ်လေ " သန့်ဇင်မောင်သည် သူ၏ လက်ကို ဂျုံနယ်နေသလို လုပ်နေရင်း စနောက်လိုက်သည် ။

" ငါ့အနားကနေ ဝေးဝေးသွားစမ်း "

    သန့်ဇင်မောင်သည် အစ်ကိုအသေးလေးကို စနေရသည်ကို အဘယ်ကြောင့် အလွန်သဘောကျနေမှန်း မသိချေ။ အစ်ကိုသွေးကို မြင်လျှင် သူသည် တစ်ခုခုကို မထိတထိလိုက်စနေရပြီး ထိုအရာကို သူနှစ်သက်သည် ။ အစ်ကိုသွေးစိတ်တိုလာလျှင် နားရွက်တွေ နီလာပြီး မျက်နှာက ဖောင်းလာကာ ငါးပူတင်းနဲ့ တူသည်။ တစ်ခါတစ်လေတွင် သူ စနောက်လွန်သွားလျှင် အစ်ကိုသွေးက သူ့အားလျစ်လျူရှူတတ်သည်။ ထိုအရာကသာ အမှန်တကယ်စိတ်ဆိုးခြင်းဖြစ်ကာ သူ့အား ပြန်ပြောနေသရွေ့ ထိုအရာက သူ့အား ခင်မင်သည်ဟု အဓိပ္ပါယ်ရသည်။

"ဟန်နွေရာ  ငါ နင့်အစ်ကိုကို ခေါ်သွားပြီ "
သန့်ဇင်မောင်သည် ကိုဟန်စစ်သွေး၏ အထုပ်များကို ဆွဲကာ ကိုဟန်စစ်သွေးကိုလည်း ဆွဲခေါ်သွားလေသည်။

    ဟန်နွေရာက ကားမူးနေတာကြောင့် လက်ဆေးကန်တွင် ခေါင်းစိုက်ကာ အန်နေဆဲ ဖြစ်တာကြောင့် ဘာဖြစ်နေမှန်း မသိချေ။ ရှင်းလက်ျာသည် ကားမူးနေသော ဟန်နေရာကို နှိပ်ပေးနေလေသည်။

" သမီး လာပြီပဲ၊ ဦးလေးက မနက်ထဲက သမီးအဒေါ်ကို  ပြောနေသေးတာ။ နောက်ကျနေမှာစိုးလို့ ဖုန်းဆက်ခိုင်းနေသေးတာ "
    ဆံပင်ဖြူများကျိုးတိုးကျဲတဲ‌ပေါက်နေပြီး ကျန်းမာသန်စွမ်းပုံရသော အသက်ကြီးကြီး လူကြီးတစ်ဦးသည် ထွက်လာရင်း ပြောလေသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Tahanan ng mga kuwento. Tumuklas ngayon