အပိုင်း (၃၃)

4.1K 353 11
                                    

" အားရိုး ခေါင်းကိုက်လိုက်တာ ၊ သေပါပြီ ကျွတ် ကျွတ်"

မြတ်သည် နာကျင်နေသော ခေါင်းကို ကိုင်ကာ ထထိုင်လိုက်သည်။

   မနေ့ညက ရှင်းလက်ျာနဲ့အတူ ဟိုတယ်မှာ သောက်ကြပြီးနောက်ပိုင်း မမှတ်မိတော့ချေ။ အပြင်းစား ဝိုင်တွေကိုသာ စွတ်သောက်လာတာကြောင့် မသောက်တာကြာနေတဲ့ ခန္ဓာကိုယ်က သိပ်မခံနိုင်ပေ။ သေမတတ်ထိုးကိုက်နေတဲ့ ခေါင်းကို ဖိထားရင်း ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ပထမဆုံးအနေနဲ့ သန့်ရှင်းသပ်ရပ်နေတဲ့အခန်းလေးထဲက မွှေးပျံ့သော စံပယ်ပန်းရနံ့လေးကို ရလိုက်သည်။ အခန်းက သိပ်မကျယ်သော်လည်း သပ်ရပ်သည်။ ပရိဘောဂအနည်းငယ်သာ ရှိပြီး အဝတ်ထည့်ရာ နံရံနောက်စင်ရှိသည်။ ပြတင်းပေါက်ဘေးတွင် စာကြည့်စားပွဲတစ်ခုနှင့် စာအုပ်စင်ကြီး နှစ်ခုပေါ်၌ စာအုပ်အပြည့်ဖြစ်သည်။ ထိုစားပွဲပေါ်၌ စံပယ်ပွင့်များကို ဗန်းကလေးနှင့် ထည့်ထားသည်။

   နေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်အပြင်ဖက်ကနေ အတွင်းသို့ ကျဆင်းကာ ပြောင်လက်နေသော သစ်သားကြမ်းခင်းပေါ်သို့ ဖြာကျနေသည်။ ပုံမှန်အရွယ်အစားရှိတဲ့ အခန်းအတွက် အကောင်းဆုံး ဖွဲ့စည်းတည်ဆောက်ပုံကြောင့် မြတ် ချီးကျူးလိုက်သည်။

   နံရံပေါ်က မြန်မာ့ဆီဆေးပန်းချီပုံတစ်ပုံကိုလည်း တွေ့မြင်ရသေးသည်။ အမျိုးသမီးတစ်ဦးက ဝရံတာလက်ရန်းပေါ် မှီကာ အဝေးသို့ လွမ်းမောနေပုံဖြစ်သည်။ အသက်ဝင်လွန်းလှသော ပန်းချီလက်ရာ ထိုအမျိုးသမီး၏ မျက်နှာပေါ်က ပူပန်စိုးရိမ်မှုနှင့် လွမ်းဆွတ်ဟန်က ကြည့်ရသူကိုပင် လွမ်းဆွတ်နေသည်ကို ကူးစက်ခံစားရစေသည်။ထိုနေရာက နေရောင်သိပ်မကျတဲ့ နေရာမို့ အရောင်မှိန်မှိန်လေး ဖြစ်နေသည်။ ကြမ်းပြင်က အလင်းပြန်တဲ့ အရောင်ကြောင့် ဆီဆေးက အရောင်လက်လက်လေး ဖြစ်နေကာ အကြည့်မလွှဲနိုင်အောင်ပင် ဖြစ်သည်။

"တကယ့်ကို လက်ရာကောင်းပဲ"

  ကျွီ ဟူသော တံခါးဖွင့်သံနဲ့အတူ အငွေ့တထောင်းထောင်းထနေသော ပန်းကန်လေးကို ဗန်းလေးနဲ့ ကိုင်ထားသော အမျိုးသမီးတစ်ဦးသည် အခန်းထဲသို့ သိမ်မွေ့စွာ ဝင်လာသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Nơi câu chuyện tồn tại. Hãy khám phá bây giờ