အပိုင်း ( ၂၆ )

3.6K 330 25
                                    

   သင်္ကြန်‌၏ နေ့ရက်တို့ကား မြူးကြွသော တေးဂီတသံများ၊ အချင်းချင်း ရေပက်ဖြန်းမှုတို့ဖြင့် ပျော်ရွှင်ဖွယ်အတိရှိနေခဲ့သည်။ ဘာသာအလိုက် ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ သံသရာရေး စိတ်‌‌အေးအောင် ပြုလုပ်နေကြသည်။

   ကြည်လက်အေးမြသော ရေစင်ကို ဘုရားရုပ်ပွားတော်၏ ပခုံးထက်မှ ညင်သာစွာ သွန်းလောင်း၍ ဘုရားကို ရေစင်သပ္ပာယ်လိုက်သည်။ စည်းနှောင်ထားမပြုထားသော ဆံနွယ်တို့သည် လေအဝေ့တွင် အနည်းငယ် ယိမ်းယိုင်သွားတာကြောင့် ဒေါ်သက်လျာကျော်သည် နားရွက်နောက်ကို သိမ်းစုလိုက်သည်။ ဘုရားကို ရေစင်သွန်းပြီးနောက် ဒေါ်သက်လျာကျော်သည် ဘုရား ဝတ်ပြုလိုက်၏။ ထိခြင်းငါးဖြာဖြင့် ဦးတိုက်ကာ  ရင်ထဲ အေးချမ်းစေစိမ့်သောငှာ ရှိခိုးလိုက်သည်။ ဂုဏ်တော်ကိုးပါး  ပုတီးစိပ်ပြီးနောက် ဒေါ်သက်လျာကျော်သည် ဘုရားရင်‌ပြင်တော်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေမိပြန်သည်။

   ဘုရားရိပ်က‌ အေးချမ်းသည် ဆိုသော် သူ့ရင်ထဲက အပူမီးက မငြိမ်းနိုင်သေးပါ။  မည်သူမပြု  မိမိမှုပါပေတကား။ ရက်လနေရက်တို့ မည်မျှပင် ပြောင်းရွှေ့ပါစေ သူသည် ပူလောင်မြဲ ပူလောင်နေသည်။

   ယခုဆိုလျှင်  မြတ်နဲ့ မတွေ့ရသည်က ထိုရက်ပြီးထဲက ရက်ပေါင်း ၁၀၀ တိတိရှိချေပြီ။ သူ့ဖက်က စ၍ မဆက်သွယ်ခဲ့သလို မြတ်ဖက်ကလည်း သူ့အား မဆက်သွယ်လာခဲ့ပေ ။ သူ့အား စိတ်နာသွားမည်က ဧကန်မလွဲ။ မိမိမှာလည်း မိမိ အကြောင်းအရာ၌ပဲ မလား ။

    ဒေါ်သက်လျာကျော်သည် ရက်ပေါင်း ၁၀၀ အလွန်က နေ့တစ်ရက်ကို ပြန်ပြောင်း သတိရမိပြန်သည်။

    ကျောင်းမှအပြန် အိမ်တွင် အနားယူရင်း ကျောင်းမှ ကလေးများ၏ အိမ်စာကို စစ်ဆေးနေသော ညနေပိုင်း တစ်ခုတွင် ဖြစ်သည်။ ဒေါ်သက်လျာကျော်သည် မြန်မာသံစဉ် ငြိမ့်ညောင်းညောင်း တစ်ပုဒ်ကို ဖွင့်ထားလျက် ခေါင်းတွင် ပန်ဆင်ထားသော စံပယ်ပွင့်လေးကလည်း ရနံ့နံ့ရှားသင်းပျံ့နေသည်။ ယနေ့ အိမ်တွင် မည်သူမှ မရှိကြသောကြောင့် အတော်လေးကို တိတ်ဆိတ်နေလေသည်။

ဒေါက် ဒေါက်

    တံခါးခေါက်သံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ သီးခြားထွက်ပေါ်လာသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now