အပိုင်း ( ၁၄ )

5.7K 394 41
                                    

" တီချယ် ကျေးဇူးပြုပြီး မြတ်ရဲ့ တစ်ဦးထဲသော အမျိုးသမီးလေး ဖြစ်ပေးနိုင်မလား?"

   ဒေါ်သက်လျာကျော်သည် "အို" ဟူသော အာ‌‌မေဋိတ်ကလေး ထွက်သွားမိသည်။

" မြတ်လေ တီချယ်ကို စတွေ့ထဲက သဘောကျခဲ့တာပါ။ မြင်မြင်ချင်းအချစ်ဆိုတာ သိပ်တော့ ယုံချင်စရာ မရှိပေမဲ့ မြတ်ကတော့ အမှန်တကယ်ကို သဘောကျခဲ့သွားလို့ပါ၊အစတုန်းက တီချယ့်ကို မြင်နေရတာလေးနဲ့ ကျေနပ်နိုင်ခဲ့မယ် ထင်ပေမဲ့ တကယ်တော့ မြတ်က အဲလိုမဟုတ်ဘူး ထင်ပါရဲ့ ၊ တီချယ့်အနေနဲ့ မြတ်ကို  ပြန်သဘောမကျမှာကို စိုးရိမ်ခဲ့ပြီး အချိန်တိုင်းလည်း သံသယတွေ ဝင်ခဲ့ရတာမို့ အခုလို ဖွင့်ပြောမိတာပါ"

"  ဒါပေမဲ့ တီချယ့်က အသက်ကြီးနေပြီလေ၊ အဲအတွက် ယုံကြည်ချက်မရှိဘူး ဖြစ်နေလို့ပါ"

"တီချယ် ခံစားနေရတာကို မြတ်နားလည်ပါတယ်၊ မြတ်ကိုယ်တိုင်လည်း ငယ်သေးတယ်လို့ ခံစားခဲ့ရတာမို့ပါ။ တီချယ် အနေနဲ့ အခုချက်ချင်း အဖြေပြန်ပေးဖို့ မြတ်မတောင်းဆိုပါဘူး။ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး ခံစားချက်တွေပိုပြီးတော့ သေချာလာဖို့ အရင်ဆုံးတွဲကြည့်ပေးပါ။"

" တွဲတယ်ဆိုတာက တစ်ဦးနဲ့ တစ်ဦးဘသဘောကျမှ တွဲကြတာ မဟုတ်ဘူးလား?"

"တီချယ့်အ‌နေနဲ့ မြတ်ကို သေချာပေါက်သဘောကျလာမှာမို့ အရင်ဆုံး တွဲကြည့်ပေးဖို့ လက်ခံပေးပါ "

   ဒေါ်သက်လျာကျော်သည် စကားကို တမင်တကာပင် ပိုင်စိုးပိုင်နက်ပြောနေသော မြတ်ကို မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်သည်။

"စောင့်ကြည့်နေမှာမို့ သေချာလေး ကြိုးစားပါနော် "
ဒေါ်သက်လျာကျော်သည် မြတ်၏ နားရွက်နားသို့ ကပ်ကာ ပြောလိုက်သည်။

" တီချယ့်! တီချယ် လက်ခံလိုက်တာလား?"

" အင်း၊ အလေးအနက်ကြီး‌ပြောနေတော့ တစ်ခါလောက် သေချာလေးတွေးပေးမှာမို့ စာကြိုးစားဖို့လည်း မမေ့နဲ့နော် ၊ ညနက်နေပြီ အိမ်ပြန်တော့ "

"ရေးး တီချယ့်က အခု မြတ်တစ်ယောက်ထဲ ပိုင်တဲ့ အမျိုးသမီးလေး‌ ဖြစ်သွားပြီ "

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]जहाँ कहानियाँ रहती हैं। अभी खोजें