Part ( 1 )

4.2K 166 1
                                    

     

" လီဆာ ငါနင့်ကိုအသည်းမကွဲနဲ့လို့မပြောပါဘူး ဒါပေမယ့် နင်ဒီတိုင်းဆက်နေရင် အဆင်ပြေမှာမဟုတ်ဖူးနော် နင်အလုပ်တွေရော ပတ်ဝန်းကျင်ကိုရော အကုန်လုံးအဆက်အသွယ်ဖြတ်ထားပြီး ဒီအခန်းထဲမှာပဲနေတာ ၁လ ကျော်နေပြီ နင့်ပုံစံလည်းနင်ပြန်ကြည့်ဦး အရင်ကပျော်ပျော်နေတတ်တဲ့ လီဆာ ကဘယ်ရောက်သွားလဲ အခုမှ ချစ်ဖူးတဲ့လူလိုပဲ နင်ဘယ်အချိန်ထိ ဒီလိုလုပ်နေမှာလဲ "

         အသည်းကွဲကာအခန်းထဲအောင်းနေသည့် လီဆာကို သူငယ်ချင်းဖြစ်သည့် ပတ်ချယ်ယောင်းတစ်ယောက် အားမလိုအားမရဖြစ်ကာ    ပြောနေချင်းဖြစ်သည် ။ လီဆာတစ်ယောက် ဂျဲန်းနီကင်မ်နဲ့တွဲဖို့ သူ့ကိုလာပြောကတည်းက အသက်အရွယ်ကွာခြားလွန်းသည့်အပြင် ဂျဲန်းနီကင်မ်တို့အသိုင်းအဝိုင်းကကြီးမားလွန်းတာကြောင့်  မဖြစ်နိုင်ကြောင်းပြောခဲ့ပေမယ့် တားမရသည့်ကိုယ့်သူငယ်ချင်းကြောင့် နောက်ဆုံးလက်ခံပေးခဲ့ပေမယ့် တစ်နှစ်ခွဲလောက်ကြာတဲ့အခါမှ လမ်းခွဲလိုက်ကြပြီဆိုတာသိရပြီး အခုလိုလူရုပ်တောင်မပေါက်တော့သည့် လီဆာ့ကို သူမြင်တွေ့နေရပြီ။ 

       " ချယ်ယောင်းရယ် ငါလည်းဒီလိုဘယ်ဖြစ်ချင်ပါ့မလဲဟာ နင်ငါ့အကြောင်းအသိဆုံးပါ ငါအသည်းကွဲတိုင်း တစ်ပတ်အပြင်ကြာဖူးလို့လား  သူကတော့ ငါ့အတွက်နောက်ကျမှ တွေ့ခဲ့ရပေမယ့် ငါ့ရဲ့နောက်ဆုံးချစ်ရသူပါ ငါ့မှာဘာအပြစ်ရှိလို့လဲ ချယ်ယောင်းရာ သူပဲချစ်တယ်ဆိုပြီးဝင်လာပြီး ငါတို့မဖြစ်နိုင်ဘူးလို့ပြောခဲ့တာတောင် သူ့ဘက်က မောင့်ကိုပဲ ချစ်ခဲ့တာဘာမှမလိုဘူးဆိုပြီး အခုကျ ငါတို့က ကွာခြားလွန်းတယ်တဲ့ဟာ ငါတကယ်ဘာဆက်လုပ်ရမှာလဲ ငါဘာလုပ်ရင် သူပြန်လာမှာလဲ ပြောပါဦးဟာ "

       လီဆာ ပြောလည်းပြော ငိုလည်းငိုကာ နံရံကို လက်သီးနဲ့ပိတ်ထိုးနေတာကြောင့် ချယ်ယောင်းအပြေးလေး သွားဆွဲရင်းတားလိုက်ကာ

  

    " နင်တကယ်ရူးနေပြီ ဆေးတောင်မမှီတော့ဘူး ငါပြောချင်တာကိုနားမလည်သေးဘူး အသည်းမကွဲပါနဲ့ပြောတာမဟုတ်ဖူး နင့်ကိုယ်နင်သေချာစဥ်းစားစမ်းပါ အရင်က သူသဘောကျခဲ့တဲ့နင့်ပုံစံက ပျော်ပျော်နေပြီ းအားလုံးကိုလုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက် အခုနင့်ပုံစံနင်ပြန်ကြည့်စမ်း သူနဲ့တွဲပြီးကတည်းက သူ့စကားပဲ နင်အရေးလုပ်တော့တာ ဘယ်သူ့စကားကိုနားဝင်လဲ "

You're all I want (Completed) Where stories live. Discover now