Part (20)

1.9K 109 20
                                    


      ဂျဲန်းနဲ့လီဆာရဲ့ စကားများတဲ့အဖြစ်က ညကတည်းကဖြစ်လာတာ မနက်ရောက်တဲ့အထိ အဆင်မပြေသေးပေ။ အထွေအထူးဘာမှမဟုတ်ပေမယ့် ဂျဲန်းကစိတ်ကောက်ပြီး သူ့ကိုစကားမပြော။ ကြာတော့လီဆာမနေတတ်ဖြစ်လာသည်။ ကုတင်ရဲ့ဘေးအစွန်ကိုတိုးကပ်အိပ်ပြီးကျောပေးထားတာကြောင့် ဂျဲန်းရဲ့အနားသို့တိုးလိုက်ကာ နောက်ကနေ ခါးလေးကိုဖက်လိုက်သည်။ ဖတ်ခနဲမြည်သံနှင့်အတူ လီဆာ့လက်ကလေးနာသွားရသည်။ သို့ပေမယ့် ခါးကိုဖက်ထားသောလက်များကိုတော့မဖယ် တိုး၍သာဖက်ထားလိုက်တော့ ထိုလက်များကိုဂျဲန်းကဆိတ်ဆွဲလာသည်။

         သူမရဲ့လက်ကလေးများကို ချုပ်ထားလိုက်ပြီး ခန္ဓာကိုယ်သေးသေးလေးကို လီဆာ့ဘက်သို့လှည့်စေလိုက်တော့ ဒေါသအနည်းငယ်ပါဝင်သော အကြည့်စူးစူးလေးများကို လက်ခံရရှိလိုက်သည်။ နမ်းဖို့ပြင်လိုက်တော့ မျက်နှာကိုတခြားဘက်သို့လှည့်လိုက်သည့် ဂျဲန်းနီကြောင့် လီဆာစိတ်လျော့ချလိုက်လေသည်။

      " မောင်က အားနာလို့ပါ အချစ်ရယ် "

     " ရှင်နဲ့ ကျွန်မက ဘာတော်လဲ "

     " ဂျဲန်းက မောင့်ရဲ့မိန်းမ မောင့်ရဲ့ဇနီးလေ "

     " ကျွန်မပိုင်တဲ့ ပစ္စည်းက ရှင့်ပစ္စည်းပဲ မဟုတ်ဖူးလား... အဲ့ဒါကိုရှင်က မယူချင်ဘူးဆိုရအောင်...ကျွန်မနဲ့ပတ်သက်တာတွေကို ရှင်ကလက်မခံချင်ဘူးဆိုရင်လည်း ကျွန်မကိုပါလာမပတ်သက်နဲ့ သွား...ကျွန်မကိုမထိနဲ့"

       

        နယ်ပြန်ဖို့အတွက် ကားလက်မှတ်လှမ်းမှာနေတဲ့အချိန် ဂျဲန်းနီကြားတော့ ကားလက်မှတ်ဘာလို့ဖြတ်နေမှာလဲ ဂျဲန်းရဲ့ကားကိုယူသွားလေဟု သူမကပြောလာသည်။ ဒါကို လီဆာကလက်မခံမိ။ ဘယ်လိုပဲ ဂျဲန်းရဲ့ကားဖြစ်နေပါစေ မိဘဝယ် ပေး ​ ထားတာမလို့ လီဆာယူသုံးဖို့စိတ်ထဲသိပ်ဘဝင်မကျ။ ချမ်းသာသည့်သူဌေးသမီးနဲ့လက်ထပ်လိုက်တာကြောင့် လီဆာ့ကိုပြောလာကြမှာကိုစိုးသည်။  ဂျဲန်းနီက ကားကိုယူသွားရန်ပြောပြီး လီဆာက လက်မခံတဲ့ကိစ္စနဲ့ ညကတည်းကစကားများလိုက်တာ ဒီမနက်အချိန်ထိပင်။ ဘယ်လိုမှပြန်ချော့လို့လည်းမရ ကောက်ကွေးလေး ဂျဲန်းနီကင်မ်ကြောင့် လီဆာစိတ်မောကာသက်ပြင်းလေးချလိုက်ရသည်။

You're all I want (Completed) Where stories live. Discover now