Part ( 7 )

2.7K 154 7
                                    

    ယနေ့ ကြုံတွေ့ရသောအဖြစ်အပျက်သည် မယုံနိုင်စရာကောင်းလှသည့် အမှန်တရားဖြစ်သည်။ အခန်းထဲသို့ရောက်သည့်အချိန် ဂျဲန်းနီရှင်းပြသည်များကိုနားထောင်ရင်း အံ့သြကာ ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ အရင်ရက်များစွာက ဘယ်လိုမျှ သဘောမတူနိုင်ဟု ကြွေးကြော်ထားခဲ့သော ဂျဲန်းနီ၏မိခင် လီဆာ၏ ယောက္ခမလောင်းကြီးမှာ အခုတော့ လီဆာတို့နှစ်ဦးကိုသဘောတူခဲ့ပြီဖြစ်သည်။

  မိန်းမသားအချင်းချင်း ကိုယ်ဝန်ရယူဖို့မလွယ်ကူနိုင်ဟု ထင်မှတ်ထားသော်လည်း ဂျဲန်းနီမှာ လီဆာနှင့်ရသောကိုယ်ဝန်ကရှိနေပြီဖြစ်သည်။ ဆရာဝန်ရှင်းပြသည်မှာ တစ်ဖက်ကအမျိုးသမီးမှာ ကျားဟော်မုန်း
သည် မဟော်မုန်းထက်များစွာရှိနေသည့်အခါတွင်လည်း ထိုကဲ့သို့အဖြစ်မျိုးကြုံတွေ့နိုင်သည်ဟုဆိုလာသည်။ (fic အရထည့်တာမလို့နားလည်ပေးစေချင်ပါတယ်)
 

      အပြစ်မရှိပဲ လမ်းခွဲခံရသည့်အခြေအနေမှ နေ့ချင်းညချင်းအဆင်ပြေသွားသည့်အပြင် မိဘတစ်ယောက်ပါဖြစ်တော့မည်။ လီဆာသည် အတွေးစတွေ တန်းလန်းနှင့် ဖြစ်နေလေတော့သည်။ ရင်ခွင်ထဲကို ကြည့်လိုက်တော့လည်း ချစ်စရာအကောင်ပေါက်လေးက သူ့ရဲ့ခါးကိုဖက်ထားကာ အိပ်ပျော်နေလျှက်ရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

    အရင်ရက်တွေက ကောင်းကောင်းအိပ်မပျော်လို့ ဂျဲန်းကိုမောင်ကိုယ်တိုင်ချော့သိပ်ပါဟုဆိုကာ ရင်ခွင်ထဲတိုးဝင်ပြီး သိပ်မကြာ အိပ်ပျော်သွားသော ချစ်ရသူအားကြည့်ရင်း အသည်းယားလာသဖြင့် နဖူးလေးအား ခပ်ဖွဖွနမ်းလိုက်သည်။ ထို့နောက် အားမရစွာဖြင့် ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်မိသည်။ ရင်ခွင်ထဲမှ ကောင်မလေးကတော့ အခုမှစိတ်အေးလက်အေးအိပ်ရသည့်ပုံ တုတ်တုတ်မျှမလှုပ် ၊ နှုတ်ခမ်းပါးလေးအား ခပ်ဖွဖွ ငုံထွေးလိုက်သည့်အခါမှ နိုးသွားသည့်ဟန်​ဖြင့် နှုတ်ခမ်းလေးဆူထော်လာကာ...

     " မောင် အသားမယူနဲ့ကွာ... ဂျဲန်း အိပ်ရေးမဝသေးဘူး..."

       အလိုမကျစွာ ပြောလာသော သူမလေးအား ခပ်တင်းတင်းဖက်လိုက်ပြီး ပါးလေးကို ခပ်ဖွဖွကိုက်ရင်း

You're all I want (Completed) Where stories live. Discover now