Part ( 14 )

1.9K 109 2
                                    


         " လီဆာ ငါမနက်ဖြန်ကျရင် ဆိုင်ကိုသွားဦးမယ် နင်ကတော့ ဆိုင်မလာနဲ့ဦးလေ...အိမ်မှာနားလိုက်ဦး.."

      " ငါလည်းအဲ့လိုစဥ်းစားထားတာပါ...ဂျဲန်းရော အစ်မဂျီဆူးရော ငါမရှိရင် အဆင်မပြေဖြစ်နေမှာ နင်လည်းတစ်ရက်နှစ်ရက်ပဲဆိုင်သွားလိုက်လေနောက်ရက်ကျရင်တော့ဆိုင်ကိုခဏပိတ်ထားမလားလို့ ကလေးတွေကိုနားရက်ပေးပြီး မုန့်ဖိုးပါပေးမလို့ငါစဥ်းစားထားတယ် "

    " အင်း...နင့်အကြံကောင်းပါတယ် ငါတို့မရှိတုန်း မင်ဂျယ်တို့အဖွဲ့တွေပင်ပန်းနေလောက်ပြီ...မျက်နှာလွှဲလို့ရတဲ့သူတွေမလို့တော်သေးတယ်နော်"

    " ဟုတ်ပါ့ ချယ်ယောင်းရယ် အခုငါတို့မအားတာတောင် ဆိုင်ရဲ့ဝင်ငွေက ကျသွားတယ်မရှိဘူး စာရင်းတွေလည်းမကွာဘူး...ငါတို့တကယ်လူကောင်းတွေရထားတာပဲ "

       အိမ်ပြန်ရောက်ပြီးနောက် ရေမိုးချိုးပြီး သူငယ်ချင်းနှစ်ယောက်ဧည့်ခန်းမှာပင် စကားစမြည်ပြောနေကြလေသည်။ ဂျဲန်းကတော့ရေချိုးနေသဖြင့်ဆင်းမလာသေးပေ။ အစ်မဂျီဆူးအတွက်အခန်းတစ်ခန်းစီစဥ်ပေးပြီး လီဆာနှင့်ချယ်ယောင်းတို့ ဧည့်ခန်းမှာစောင့်နေကြလေသည်။

        ဒီညအတွက်အစီအစဥ်ကတော့သူတို့ညီအစ်မနှစ်ယောက်ကိုမေးပြီး ဖြတ်သန်းရမှာဖြစ်သည်။ တအောင့်ကြာတော့ဂျဲန်းနီကဆင်းလာသည်။ အဖြူရောင်တီရှပ်လေးနှင့် ဘောင်းဘီတိုပွပွလေးဝတ်ထားကာ  ဖြူဖွေးသောနို့နှစ်ရောင်အသားအရည်ဖြသ့်လိုက်ဖက်လွန်းလှသည်။ ဂျဲန်းနီက လီဆာ့ဘေးနားသို့ဝင်ထိုင်လိုက်လေသည်။

     " ဂျဲန်း ခေါင်းမှာရေတွေစိုလာတာပဲ... ခေါင်းလျော်လိုက်တာလား အချစ်"

     " ခေါင်းမလျော်ပါဘူးမောင်ရဲ့...ရေချိုးရင်းနဲ့နည်းနည်းစိုသွားတာ..."

   " ဖျားမယ်လေ ခဏလေးထိုင်စောင့်ဦး မောင် ရေသုတ်ပေးဖို့ ပုဝါသွားယူလိုက်ဦးမယ်"

     လီဆာတစ်ယောက် အခန်းထဲသို့အပြေးဝင်သွားကာ ပုဝါလေးယူလာပြီး ပြန်ထွက်လာသည်။ ထို့နောက် ဂျဲန်းနီရဲ့ ရေစိုနေသောဆံပင်လေးဖျားများကို ဖွဖွလေးသုတ်ပေးနေလေသည်။ ဘေးမှာ ချယ်ယောင်းရှိနေသည်ကိုပင်မေ့နေသည့်ပုံ။ ချယ်​ယောင်းကတော့ထိုဇနီးမယားနှစ်ယောက်ကို ပြောမနိုင်တော့လို့လွှတ်ထားလိုက်ကာ ဖုန်းထိုင်သုံးနေလေသည်။

You're all I want (Completed) Where stories live. Discover now