Part (23)

1.8K 102 9
                                    

   " မိခင်ရော ကလေးပါ ကျန်းမာပါတယ် ...ဒီမှာတွေ့ရလား အနေအထားလည်းမှန်တယ်... ကလေးက မိန်းကလေးပါ"

     ဆရာဝန်ရဲ့စကားကြောင့် လီဆာ ဂျဲန်းနီရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ ပျော်ရွှင်လွန်းသည့်ပီတိစိတ်ကြောင့် သူ့မှာမျက်ရည်များပင်လည်လာရသည်။

       မကြာခင်အချိန်ကာလအတွင်းမှာ သူတို့နှစ်ယောက်ရဲ့ဘဝထဲသို့ သမီးလေးရောက်ရှိလာတော့မည်ဖြစ်သည်။

            " အားရှိတဲ့အစားအစာတွေများများစား....လမ်းလျောက်ပေး အမျိုးသမီးကလည်း ဘေးကနေကူညီအားပေးပေါ့....ဂျဲန်းနီကတော့ အရင်လိုမျိုး စိတ်ထင်ရာတွေလျောက်လုပ်လို့မရတော့ဘူးနော် အခုဆို ဗိုက်ကလည်းထွက်လာပြီ"

     " မလုပ်တော့ပါဘူး ဆရာမရဲ့ ဂျဲန်းကအခုလိမ်မာနေပါပြီ....ဟုတ်တယ်မလား...မောင်"

          ရင်းနှီးနေသည့်ဆရာဝန်မမက စနောက်ကာပြောသဖြင့် ဂျဲန်းနီမှာရယ်လျက်ပင်ပြန်ဖြေလိုက်သည်။ လီဆာကတော့ ဗိုက်ကလေးကိုပွတ်လိုက်ဂျဲန်းနီရဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်လိုက်နှင့်အလုပ်များနေလေသည်။

             လီဆာဒီရက်ပိုင်းဆိုင်ကိုခဏသာသွားဖြစ်သည်။ ပြီးတာနဲ့ ဂျဲန်းနီကိုသာအဖော်ပြုပေးနေလေသည်။ ဆိုင်မှာက ချယ်ယောင်းလည်းရှိတော့စိတ်ချရသည်။ ဂျီဆူးကတော့ အမေ့ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေပြီဖြစ်သည်။ ပြောဖို့မေ့နေတာ အခုဆိုရင်ဂျီဆူးနဲ့ချယ်ယောင်းတို့ရဲ့ဆက်ဆံရေးကို အမေ့ကိုပြောပြီးပြီ။ အမေကတော့ အစကသိပ်လက်မခံချင်။ ပြောပါများတော့လည်း ငါကသမီးနှစ်ယောက်မွေးထားပြီးချွေးမနှစ်ယောက်ရတာပေါ့ ငါ့သမီးတွေစိတ်ချမ်းသာရင်ရပါပြီဆိုပြီးခွင့်ပြုတာနဲ့ တရားဝင်ခွင့်ပြုချက်ရခဲ့ပြီဖြစ်သည်။

       အခုလည်း ​ဂျဲန်းနီနဲ့အတူလမ်းလျောက်ပေးနေတာဖြစ်သည်။ ခြံထဲက ပန်းခြံလေးဘေးမှာ နှစ်ယောက်သားလမ်းလျောက်လိုက်နားလိုက်နဲ့ ခြံကိုတစ်ပတ်ပတ်နေ ကြတာဖြစ်သည်။

       " မောင်... ရေတံခွန်လေးဘက်သွားကြရအောင်"

       " အဲ့ဘက်က ရေတွေနဲ့ဆိုတော့ချော်လဲမယ်လေအချစ်ရဲ့"

You're all I want (Completed) Where stories live. Discover now