Part ( 9 )

2.4K 133 4
                                    

အခန်းထဲမှ အချစ်ငှက်ကလေးနှစ်ဦးမှာ မောပန်းသွားသဖြင့် တစ်ယောက်ကိုတစ်ယောက်ဖက်ထားကာ ငြိမ်သက်နေကြသည်။ ဖြူလွှလွှစောင်အောက်တွင် ပူးကပ်နေသည့် ခန္ဓာကိုယ်နှစ်ခု တစ်ခုနှင့်တစ်ခု ဝေးကွာသွားမှာစိုးသည့်အလား ခြေချောင်းများသာမက လက်များမှာလည်း တင်းကျပ်စွာထွေးဖက်ထားကြလေသည်။

လီဆာ သူမလေးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်းကနေ မှိတ်ထားသည့်မျက်ခွံရဲ့အပေါ်ကမှဲ့လေးကို နှုတ်ခမ်းလေးနှင့် ဖွဖွလေးနမ်းရင်း လက်များက ရင်သားပေါ်ပြန်ရောက်ရှိသွားသည်။ ရင်ခွင်ထဲမှ သူမက မျက်စိမှိတ်ထားရာကမဖွင့်ပဲ လီဆာ့ရဲ့လက်ကိုဖြတ်ခနဲရိုက်လိုက်သည်။

" တော်ပြီနော် မောင်... ဂျဲန်း ပင်ပန်းနေပြီ "

အလိုမကျစွာပြောလာသော သူမကြောင့် လီဆာ သဘောကျစွာရယ်လိုက်သည်။

" မောင်မှ မပင်ပန်းသေးတာ အချစ်ရဲ့ "

" ရှင်ကလေ တကယ်နှာဘူးပဲ...ဗိုက်ထဲမှာ ဘေဘီလေးရှိသေးတာသတိရသေးလား "

" သတိရတယ်လေ...ဘေဘီလေးကနားလည်ပါတယ်... သူ့ရဲ့ဒါဒါနဲ့ မားမားချစ်နေကြတာကို.."

" ရှင်နော်... ဘယ်လိုဖြစ် ဗိုက်ထဲက ဘေဘီလေးကြားသွားမယ် ပြောစကားနားမထောင်ရင် ခွဲအိပ်မှာနော် "

" အင်း...ဘေဘီလေးကြားအောင်လို့ မပြောတော့ဘူး ရင်ခွင်ထဲက ပေါက်စလေးကြားအောင်ပဲပြောမယ် လာဒီနားတိုး..."

" အား...နာတယ်လို့ ဂျဲန်းရဲ့ "

သူမရဲ့ အပြောကြောင့် လီဆာနှုတ်ခမ်းလေးဆူလိုက်မိသည်။ ထို့နောက် သူမလေးရဲ့အနားသို့ကပ်ကာ လေသံတိုးတိုးဖြင့်ကပ်ပြောလိုက်သောစကားကြောင့် လီဆာတစ်ယောက် သူမရဲ့ နားရွက်ဆွဲတာကိုခံလိုက်ရခြင်းဖြစ်သည်။

" နာအောင် ဆွဲလိုက်တာလေ ခံပေါ့... အရှက်ကိုမရှိဘူး...ထတော့ရေချိုးတော့...ညကျ သူငယ်ချင်းတွေနဲ့ချိန်းထားသေးတယ်မလား..."

" ဟုတ်ကဲ့...."

သံရှည်ဆွဲကာ ပြောလိုက်ရင်း နှုတ်ခမ်းတဆူဆူဖြင့် ရေချိုးခန်းထဲသို့ လီဆာဝင်သွားသည်။ ရေချိုးခန်းထဲသို့ရောက်ပြီး သိပ်မကြာ ၅မိနစ်အတွင်း ပြန်ထွက်လာသည်။ လီဆာ့မှာ အကျင့်တစ်ခုရှိသည်။ထိုအရာက ရေချိုးရင်အချိန်မကြာပေ။ ၅မိနစ်ဆိုတာ အကြာဆုံးအချိန်ဖြစ်သည်။ ဂျဲန်း ထုတ်ပေးထားသည့် အနက်ရောင်ဘောင်းဘီတိုလေးနှင့် အဖြူရောင် ကော်လံပါတီရှပ်လေးကို ဝတ်ပြီး ပွနေသည့်ဆံပင်များကိုဖြီးလိုက်သည်။ ထို့နောက်မျက်နှာပေါ်သို့ နို့ရည်လေးပါးပါးလူးလိုက်သည်။ လီဆာ၏ အလှပြင်ခြင်းမှာပြီးပြီ။

You're all I want (Completed) Where stories live. Discover now