Part ( 15 )

1.8K 90 5
                                    

" ချယ်ယောင်း...ဒါ ဂျဲန်းရဲ့အစ်မ ကင်ဂျီဆူးတဲ့....
အစ်မ သူကလီ့ရဲ့သူငယ်ချင်း ပတ်ချယ်ယောင်း..."

" တွေ့ရတာဝမ်းသာပါတယ်...ပတ်ချယ်ယောင်းလို့ခေါ်ပါတယ်..."

လီဆာရဲ့မိတ်ဆက်ပေးမှုဖြင့် ချယ်ယောင်း ဂျီဆူးကိုသိခဲ့ရသည်။အရင်က မြင်မြင်ချင်းအချစ်ကို ချယ်ယောင်းမယုံကြည်ခဲ့ပေ။ ဒါပေမယ့် ကင်ဂျီဆူးကိုမြင်လိုက်ရကတည်းက ဝဲဘက်ရင်အုံမှလှုပ်ခတ်သွားကာ သဘောကျမိသည်။ တစ်ယောက်တည်းနေမည်ဟု ဆုံးဖြတ်ထားသော်လည်း ကင်ဂျီဆူးကိုစတွေ့ကတည်းက သူနဲ့ဆိုရင်ဆိုသည့်အတွေးနှင့် ဘဝကိုနှစ်ယောက်အတူဖြတ်သန်းချင်လာသည်။

လီဆာ့ရဲ့ လက်ထပ်ပွဲပြီးတော့ သူငယ်ချင်းတွေနှင့်အတူညစာစားဖြစ်ခဲ့သည်။ ထိုညက အစ်မကင်ဂျီဆူးက ချယ်ယောင်းရဲ့ဘေးမှာလာထိုင်လေသည်။ ဘေးမှာထိုင်နေသော ကင်ဂျီဆူးကိုကြည့်ရင်း သက်ပြင်းတွေခဏခဏချကာ တံတွေးများပင်မြိုချမိလေသည်။ ဒီညတော့ ပတ်ချယ်ယောင်းတစ်ယောက်မူးအောင်သောက်မှဖြစ်တော့မည်။ ကြာလာလျှင် ကင်ဂျီဆူးကိုသူမဖက်နမ်းမိတော့မှာမလို့ ဖန်ခွက်ထဲကအရက်ကိုသာကုန်အောင်သောက်လိုက်သည်။ ထို့နောက်ဘာတွေဖြစ်သွားမှန်းမသိတော့ပေ။

မနက်နိုးလာတော့ ချယ်ယောင်း ကင်ဂျီဆူးရဲ့ရင်ခွင်ထဲမှာရောက်နေသည်။ ကင်ဂျီဆူးကိုချစ်တယ်လို့တောင်ဖွင့်မပြောရသေးခင် ဒီအခြေအနေမျိုးဖြစ်လာတော့ သူမစိတ်ညစ်သွားရသည်။ အစ်မက သူမကိုအခွင့်အရေးသမားဟုထင်သွားမှာကိုမလိုလားမိ။ လီဆာနှင့်ဂျဲန်းနီတို့လင်မယားဝင်ဖြေရှင်းပေးမှုကြောင့်အရာရာအဆင်ပြေသွားခဲ့သည်။ အရင်ကထက်ပိုရင်းနှီးလာပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားပြောရတာ ဝေးနေသလိုခံစားရလေသည်။

ကမ်းခြေတစ်လျောက် လတ်ဆတ်သောပင်လယ်လေကြောင့် နောက်ကျိနေသော စိတ်တို့မှာအနည်းငယ်ပြေသွားရသည်။ မိသားစုလိုက် အပန်းလာဖြေကြသောလူများကိုတွေ့ရတယ်။ ဟိုနေရာတစ်စုဒီနေရာတစ်စုနဲ့ ချစ်သူရည်းစားစုံတွဲများကိုလည်းတွေ့လိုက်ရသည်။ သာယာသောထိုနေရာလေးကြောင့် ကင်ဂျီဆူး ပြုံးလိုက်မိသည်။ တစ်နေရာသိူ့အရောက်ဆိုင်ကယ်ရပ်လိုက်သဖြင့် ကင်ဂျီဆူးလည်းဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။

You're all I want (Completed) Where stories live. Discover now