Part ( 21)

2K 126 21
                                    

    အခုဆိုရင် ဂျဲန်းနီရဲ့ကိုယ်ဝန်က ၄လ ကျော်လို့၅လထဲ ဝင်နေပြီ ဖြစ်သည်။ လီဆာရဲ့အလုပ်ကလည်းမြို့သို့ပြောင်းရွှေ့ရန်ပြင်ဆင်လုနီးပါးဖြစ်နေပြီ။ လီဆာက ဂျဲန်းရှိရာမြို့မှာ စားသောက်ဆိုင်ဖွင့်ရန်စီစဥ်ထားခြင်းဖြစ်သည်။  ဂျဲန်းရဲ့မိခင်ကိုတိုင်ပင်တော့ အမေက အားတက်သရောနှင့် သူပါကူညီပေးမည်ဟုပြောလာသောကြောင့် လက်ခံပေးလိုက်သည်။ အခုလိုအချိန်တိုအတွင်း ပြောင်းရွှေ့နိုင်တာ ယောက္ခမကြောင့်လည်းပါသည်။  အလုပ်ပြောင်းမည့်အကြောင်းကို ချယ်ယောင်းကိုပြောတော့ နင်ဘာလုပ်လုပ်ငါတို့ဘယ်တုန်းကခွဲလုပ်ဖူးလို့လဲ နင်နဲ့အတူတူမြို့ကိုပြောင်းပြီး ငါလည်းရှယ်ယာပါမည်ဟုပြောလာသောကြောင့် သူငယ်ချင်းလည်းဖြစ် မတော်ရသေးပေမယ့် မယားညီအစ်မလည်းဖြစ်သည့် ချယ်ယောင်းပါမြို့သို့လိုက်လာမည်ဖြစ်သည်။  နယ်မှာကျန်ခဲ့သည့် ပင်လယ်စာဆိုင်လေးကိုတော့ မင်ဂျယ့်ကိုဦးစီးခိုင်းခဲ့သည်။

      ဆိုင်ခန်းနေရာနှင့် ဝန်ထမ်းအားလုံးကိုလည်းခန့်ထားပြီးပြီဖြစ်သည်။ နောက်တစ်ပတ်ဆိုရင်ဆိုင်ဖွင့်တော့မှာဆိုပေမယ့် ဂျဲန်းနီကိုတော့မပြောဖြစ်သေးပေ ။ အမှန်တော့ လီဆာ ဆိုးလ်ကိုရောက်နေသည်မှာ ၂ရက်လောက်ရှိပြီ ဒါပေမယ့် ဂျဲန်းကိုသွားမတွေ့ဖြစ်သေး ဆိုင်ဖွင့်ခါနီးလေ လိုအပ်တာတွေများလာလေဖြစ်လို့ ဆိုင်မှာပဲ အိပ်ကာ လိုအပ်သမျှကိုစီမံခန့်ခွဲနေရသည်။ တကယ်တော့ ဂျဲန်းနီတစ်ယောက်တည်းသာမသိတာ ကျန်တဲ့သူတွေကတော့ လီဆာရောက်နေတာကိုသိလေသည်။

      ဂျဲန်းနီကတော့ လီဆာကဖုန်းသိပ်မဆက်သည့်အပြင် ဖုန်းခေါ်လိုက်တိုင်းလည်း မောင်မအားသေးလို့ဆိုပြီးဖုန်းချချပစ်သည့် လီဆာ့ကို စိတ်ကောက်စပြုနေပြီဖြစ်သည်။ ကိုယ်ဝန်လရင့်လာလေ ဒေါသကြီးတဲ့စိတ်ရော အားငယ်စိတ်ရော လွန်ကဲလာသည်။ စိတ်အတက်အကျမြန်လွန်းသဖြင့် လီဆာက သူမကိုပစ်ထားသည်ဟုဆိုကာ အစားသိပ်မစားပဲ ငိုလိုက်ဒေါသထွက်လိုက်ဖြစ်နေသည်ဟု အစ်မဂျီဆူးပြောလာသဖြင့် မနက်ဖြန်ဆိုရင် ဂျဲန်းဆီသွားတွေ့ရမည်ဟု လီဆာတွေးထားလိုက်လေသည်။

You're all I want (Completed) Where stories live. Discover now