Part ( 6 )

2.6K 142 0
                                    

    
     သူရှိသည့် မြို့သို့လာရောက်ရန် အရေးတကြီးဖုန်းခေါ်ဆိုမှုကြောင့်  ချယ်ယောင်းကို အသိပေးရင်း ဂျဲန်းနီကင်မ်ရှိသည့် ဆိုးလ်မြို့သို့သွားရန် ကားပေါ်သို့ လီဆာရောက်နေချင်းဖြစ်သည်။ အစကတော့ ချယ်ယောင်းကိုပါ ခေါ်လာဖို့တွေးမိပေမယ့် အလုပ်မှာက သူနဲ့ချယ်ယောင်းနှစ်ယောက်တည်းက တစ်ယောက်ရှိနေမှ ဖြစ်မှာကြောင့် တစ်ယောက်တည်းသာထွက်လာခဲ့သည်။

    အရင်ကလည်း တစ်​ယောက်တည်းခရီးသွားနေကျဖြစ်ပေမယ့် ဒီတစ်ခေါက်ခရီးမှာအရင်ကနှင့်မတူ ။ လမ်းခွဲပြီးမှ ပြန်ဆက်သွယ်လာသည့်အပြင် အမြန်ဆုံးလာဖို့ခေါ်နေသည့် ဂျဲန်းနီကင်မ်ကြောင့် သူ့အတွေးတွေများစွာရှုပ်နေမိသည်။ သံ​ယောဇဥ်လက်ကျန်လေးကြောင့် သူ့ကိုပြန်လက်ခံဖို့များလားလို့တွေးမိသော်လည်း မည်သည့်အရာကိုမှကြိုမမျှော်လင့်ရဲ ။

     အဝေးပြေးကားပေါ်မှ သီချင်းသံနှင့် လူအများရဲ့စကားပြောသံများကြောင့် ခေါင်းအနည်းငယ်နောက်လာသဖြင့် ခန္ဓာကိုယ်ကိုယ်သက်တောင့်သက်သာဖြစ်စေရန် ကားခုံကိုနောက်သို့လှဲချလိုက်ပြီး နောက်ကျောမှီချလိုက်သည်။ ဦးထုပ်ကိုလည်းခပ်ငိုက်ငိုက်ဆောင်း နားကျပ်တပ် သီချင်းနားထောင်ရင်း အိပ်စက်လိုက်လေတော့သည်။ 

.
.
.
.
.
.
.
.
          ကားဂိတ်ရောက်ခါနီးမှ လီဆာနိုးလာသည်။ တွန့်ကြေနေသော အင်္ကျီကို အနည်းငယ် ပြင်လိုက်ကာ လွယ်အိတ်ထဲမှ ရေဘူးကိုဖွင့်သောက်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ငေးမောကြည့်လိုက်လေသည်။ ဒီပတ်ဝန်းကျင်သည် သူနှင့်မစိမ်းလှပေ။ အတိအကျဆိုရသော် ပထမတစ်ကြိမ် ဂျဲန်းနီကင်မ်နှင့်တွေ့ဖို့လာခဲ့တုန်းကတော့ ရင်ခုန်ခြင်းအပြည့် ပျော်စရာများစွာဖြင့် ဖြစ်သည်။ အခုတော့ပထမအကြိမ်နှင့်မတူ ဝေခွဲမရသောအခြေအနေများကြောင့် သက်ပြင်းလေးဖွဖွချကာ ကားပေါ်မှာ ဆင်းလိုက်လေတော့သည်။

       ဂျင်းဘောင်းဘီအိတ်ကပ်ထဲထည့်ထားသော ဖုန်းကိုထုတ်ကာ ဂျဲန်းနီကင်မ်ဆီသို့ လီဆာဖုန်းခေါ်လိုက်လေသည်။

      "Hello...."

      "....."

    
     " ဟုတ်တယ်... အခုပဲ ကားဂိတ်ကိုရောက်တာ ဒီလောက်စောမယ်မထင်ထားဘူး အရင်ကထက် တစ်နာရီလောက်စောရောက်နေတာ "

You're all I want (Completed) Where stories live. Discover now