Part ( 26 )

2.1K 122 34
                                    

  လီဆာတစ်ယောက် ဒီရက်ပိုင်း အလုပ်ထဲလည်းစိတ်မပါ ။သူငယ်ချင်းတွေနဲ့တွေ့ချင်ပေမယ့် ဂျဲန်းကပိုပြီးအထင်လွဲသွားမှာစိုးလို့ သွားမတွေ့ဖြစ်။ စားသောက်ဆိုင်နဲ့ ဂျဲန်းအတွက်ဝယ်ထားသောအိမ်လေးမှာပဲ အချိန်တွေကုန်နေဖြစ်သည်။ ဂျဲန်းကိုလွမ်းတိုင်း ခြံထဲမှာ ပန်းတွေစိုက်ဖြစ်သည်။ သူတို့နှစ်ယောက်နေမယ့်အခန်းနဲ့ သမီးလေးအတွက်အခန်းကို ကိုယ်တိုင်ဆေးသုတ်သည်။ အလှဆင်သည်။ မခံမရပ်နိုင်အောင်လွမ်းလာတဲ့အခါကျရင်တော့ ဂျဲန်းတိူ့အိမ်ရှေ့ကိုသွားကာ ချောင်းချောင်းကြည့်လေ့ရှိသည်။ အရမ်းလွမ်းပေမယ့်ဖုန်းစမခေါ်ရဲပေ ။ ဂျဲန်း ပိုပြီးစိတ်တိုသွားမှာကိုလီဆာစိုးရိမ်မိသည်။

    ချယ်ယောင်းဆီကိုဖုန်းဆက်ပြီးမေးကြည့်တော့လည်း ဂျဲန်းကအဆင်ပြေသည်တဲ့လေ။ ထမင်းပုံမှန်စားပြီးနေလည်းကောင်းတဲ့အကြောင်းကိုကြားသိရတော့ လီဆာ့အတွက်အနည်းငယ်အဆင်ပြေသည်။ ချယ်ယောင်းနဲ့အစ်မဂျီဆူးတို့ပို့ပေးတဲ့ ဂျဲန်းရဲ့ဓာတ်ပုံလေးတွေကိုကြည့်ရင်း လီဆာမှာအလွမ်းဖြေနေရသည်။ အခုချိန်အထိတော့လီဆာနဲ့ပတ်သက်သမျှ အပြောလည်းမခံသလို လီဆာ့သူငယ်ချင်းတွေလာတွေ့ရင်လည်းလက်မခံ ။ ချယ်ယောင်းတောင်မှ အိမ်မှာပဲနေတာမလို့ သူကစကားလက်ခံပြောတာဖြစ်သည်။

     ဂျဲန်း မီးဖွားဖို့ကရက်ပိုင်းသာ လိုတော့သည်။ မသိစိတ်က မောင့်ကိုသတိရပေမယ့် မာနတို့ကတင်းခံနေသည်။ ပြီးတော့ ဂျဲန်းမြင်တွေ့လိုက်ရသည့်ဓာတ်ပုံတွေက အခုထိမျက်လုံးထဲမှာမထွက်သေး။ ဂျဲန်းလည်းမောင့်ကိုချစ်ပေမယ့် ဒီအခြေအနေမှာဘယ်လိုမှလက်ခံပေးလို့မရဖြစ်နေသည်။ ရှန်တဲလ်ဆိုတာက မောင့်ရဲ့ရည်းစားဟောင်းလို့ မောင့်သူငယ်ချင်းတွေပြောတာကြားဖူးသည်။ ဂျဲန်း ကိုယ်ဝန်ဆောင်ချိန် ရစ်မိတာတွေကြောင့် မောင်ကဂျဲန်းကိုစိတ်ကုန်ပြီး သူတို့နှစ်ယောက်ပြန်ပတ်သက်တာဟုသာဂျဲန်းစိတ်ထဲထင်နေမိလေသည်။

      ဆီးစပ်က ကိုက်လာပြီး အိမ်သာတက်ချင်သလိုဖြစ်လာတာမလို့ ဗိုက်ကိုလက်ဖြင့်အသာအယာ..မ..ရင်း ဂျဲန်းကုန်းထလိုက်သည်။

You're all I want (Completed) Where stories live. Discover now