Bonus💞

3.4K 156 16
                                    

        ညသန်ခေါင်းကြီး သားငယ်လေးရဲ့ ငိုသံကြောင့်လီဆာအိပ်ယာမှကုန်းထလိုက်ပြီး သားငယ်ကိုပွေ့ချီကာအသင့်ဖျော်ထားသောနို့ဘူးအားယူပြီး နို့တိုက်လိုက်သည်။ ဂျဲန်းကတော့ စောင်ကလေးခြုံလျက်အိပ်ပျော်နေတုန်း။ တစ်နေကုန်သားငယ်လေးရဲ့ဝေယျာဝစ္စတွေလုပ်ပေးပြီး ပင်ပန်းနေသည့်ချစ်ဇနီးကိုလီဆာမနှိုးရက်။

သားငယ်လေး ကင်မ်ဒိုရာမာနိုဘန်မွေးပြီးတော့ လီဆာ့ရဲ့စားသောက်ဆိုင်အလုပ်က အရင်ကထက်ပိုပြီးအဆင်ပြေလာသည်။ အခုဆိုရင် ဆိုင်ခွဲ၃ခုအထိထပ်မံဖွင့်လှစ်ထားနိုင်ပြီလေ။

      သားငယ်လေးကိုနို့ဘူးတိုက်နေတုန်း ဂျဲန်းနီ နိုးလာသည်။

      " မောင်...သားလေး နိုးသွားတာလား "

     " ဟုတ်တယ်...အချစ်...နို့ဆာလို့နဲ့တူတယ်...မောင်နို့ဘူးတိုက်ထားလိုက်တယ်...အခုပြန်အိပ်ပျော်နေပြီ"

      " ဂျဲန်းကိုနှိုးလိုက်တာမဟုတ်ဖူး.."

     " အိပ်ရေးဝဝ အိပ်စေချင်လို့ပါ...ဂျဲန်းလည်းပင်ပန်းနေတာကို "

     သားငယ်လေးကို ပုခက်ထဲပြန်သိပ်လိုက်ပြီး ဂျဲန်းရှိရာအိပ်ယာထက်သို့ လီဆာပြန်လာတော့ ဂျဲန်းကလီဆာ့ကိုဖက်လာကြောင့် ဂျဲန်းရဲ့ကျောပြင်​လေးကိုအလိုက်သင့်ပြန်ဖက်ပေးလိုက်သည်။

        " မောင်လည်းတစ်နေကုန်ပင်ပန်းနေတာလေ..."

      " ရပါတယ်...အချစ်ရဲ့...မောင်ကအဆင်ပြေတယ် ...ပြန်အိပ်ကြမယ်လာ...မောင့်ရင်ခွင်ထဲကို "

         လီဆာ့လက်မောင်းထက် ဂျဲန်းကခေါင်းအုံးရင်း ခါးလေးကိုဖက်ထားလေသည်။ လီဆာမျက်လုံးမှိတ်ကာပြန်အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။

      " မောင်..."

" ပြောလေ အချစ်"

     အိပ်ပျော်ခါနီးအချိန် ဂျဲန်းရဲ့ ခေါ်သံကြောင့် လီဆာ မျက်လုံးမဖွင့်ပဲထူးလိုက်သည်။

    " အရမ်းချစ်တယ် "

         ဂျဲန်းရဲ့ခန္ဓာကိုယ်လေးကို တင်းကျပ်အောင်ဖက်ထားလိုက်ပြီး နဖူးကိုနမ်းလိုက်သည်။ ထို့နောက် လီဆာတို့နှစ်​ယောက်လုံးပြန်လည်အိပ်စက်လိုက်ကြလေသည်။

You're all I want (Completed) Where stories live. Discover now