Part ( 3 )

2.4K 139 5
                                    

            လမ်းခွဲခဲ့သည်မှာ အချိန်ကာလ တစ်လခွဲလောက် ကြာမြင့်ခဲ့ပြီဖြစ်သည် ။ ဒီအချိန်လောက်ဆို မောင်လည်း အဆင်ပြေနေလောက်ပြီထင်ပါတယ် ။ မောင့်ကိုလွမ်းသည့် စိတ်တွေဝင်ရောက်လာတိုင်း သူငယ်ချင်းတွေနဲ့ လျောက်သွားလိုက် စားလိုက် စျေးဝယ်ထွက်လိုက်နှင့် တမင်မေ့ယူထားခဲ့သည်။ အများအမြင်မှာ ဂျဲန်းနီကင်မ်မှာ ပြတ်သားလွန်းပြီး နှလုံးသားမရှိသည့် မိန်းကလေးဖြစ်နေနိုင်သည်။ သို့ပေမယ့် ထိုသို့မဟုတ်သည်မှာ ဂျဲန်းနီကင်မ်သာသိသည် ။ အစ်မဖြစ်သည့် ကင်မ်ဂျီဆူးကိုလည်း ဖြစ်ခဲ့သည့်အကြောင်းအရာများကိုမပြောပြထားပေ။

          လမ်းမခွဲခင်တစ်ပတ်လောက်က မေမေက ဂျဲန်းနီကင်မ်ကို စကားပြောစရာရှိသည်ဟုဆိုကာ ခေါ်တွေလေသည် ။ မေမေဘက်မှစပြီး အခုလိုမပြောဖူးတာကြောင့် မောင်နှင့်ချစ်သူတွေဖြစ်နေကြတာများ မေမေသိသွားသလားဟု စိုးရိမ်စိတ်ကလေးဝင်သွားလေသည် ။ တွဲလာတာ တစ်နှစ်ကျော်လာသော်လည်း မောင်နှင့်အပြင်မှာဆုံတွေ့ခဲ့သည်မှာ တစ်ကြိမ်သာရှိခဲ့ဖူးလေသည် ။ နေရာဒေသဝေးကွာလွန်းသည်ကတစ်ကြောင်း မောင်ကသူမနဲ့နီးဖို့အလုပ်တွေကြိုးစားနေသည်ကတစ်ကြောင်းမို့  ချစ်သူဖြစ်သည့်သက်တမ်းကြာလာသော်လည်း ဖုန်းထဲကနေသာ ချစ်ကြ ဂရုစိုက်ခဲ့ကြရသည်မဟုတ်လား ။ မောင့်ကို သူမအရမ်းချစ်ပါတယ် ။

            
                သူမထက် အသက်၈နှစ်လောက်ကြီးသော လီဆာကို အင်တာနက်သုံးရင်းတွေ့ခဲ့သည်။ မြင်မြင်ချင်းအချစ်ဆိုတာကို လီဆာ့ကိုတွေ့မှသူမ ယုံကြည်ခဲ့သလို အချစ်နဲ့ပတ်သက်ရင် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်းလည်းလက်ခံမိခဲ့လေသည်။  မိန်းကလေးများအကြား နာမည်ကြီးလွန်းသောကြောင့် မပိုင်ဆိုင်ကတည်းက သဝန်တိုရသည့်စိတ်ကလေးမှာလည်း သူမရဲ့ရင်တွင်းခိုအောင်းနေခဲ့ရသည်။ ကြိုက်မရှက်ငိုက်မရှက်ငတ်မရှက်ဆိုသည့်အတိုင်း သူမဘက်ကသာ စတင်ချဥ်းကပ်ခဲ့ပြီး ချစ်မိသည့်အကြောင်းဖွင့်ပြောတော့ မောင်အံ့သြသွားသည့်ပုံ။ ဒီလိုနဲ့သူမရဲ့ကြိုးစားမှုတွေကြောင့်မကြာခင်မှာပင် ချစ်သူတွေဖြစ်ခဲ့ကြလေသည် ။ သူမတို့အချစ်ရေးမှာအရာရာအဆင်ပြေခဲ့ကြသည် ထိုနေ့ရက်မရောက်ခင်အထိပေါ့....

You're all I want (Completed) Where stories live. Discover now