Part (30-final)

4.1K 162 24
                                    

" အချစ်ရေ...အလှပြင်လို့မပြီးသေးဘူးလားကွာ "

" လာပြီ...မောင်ရေ...နှုတ်ခမ်းနီဆိုးပြီးရင်ပြီးပြီ"

" သမီးလေးတောင် အကုန်ပြင်ဆင်ပြီးလို့...ချယ်ယောင်းလာခေါ်သွားပြီ"

ဒီနေ့က လီဆာနဲ့ဂျဲန်းနီတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ကင်မ်နိုရာမာနိုဘန်ရဲ့ ၃နှစ်ပြည့်မွေးနေ့ဖြစ်သည်။ သမီးလေးရဲ့မွေးနေ့ပွဲလေးကိုတော့လီဆာဝယ်ထားသည့်ခြံလေးထဲမှာပဲ ကျင်းပဖိို့စီစဥ်ထားတာဖြစ်သည်။ သမီးလေး တစ်နှစ်သားအရွယ်လောက်ကတည်းက လီဆာတို့အိမ်ခွဲနေခဲ့ကြတာလေ။ ချယ်ယောင်းနဲ့အစ်မဂျီဆူးတို့ကလည်း လက်ထပ်လိုက်ကြပြီ။ အခုဆိုရင် သူတို့လက်ထပ်လိုက်ကြတာ၂နှစ်တောင်ပြည့်တော့မှာပေါ့။ သူတို့ကတော့သားသမီးမယူကြသေးပဲ နိုရာလေးကိုပဲချစ်ပေးချင်သေးသည်တဲ့။

နိုရာလေးက ဂျဲန်းနီကင်မ်နှင့်အတော်လေးတူသည်။ ပါးဖောင်းဖောင်းလေးနဲ့ သူ့ရဲ့အမေလိုပဲကြောင်မျက်လုံးလေးလည်းပိုင်ဆိုင်ထားတယ် ။ ချွဲတာကတော့ သားအမိနှစ်ယောက်လုံးအပြိုင်အဆိုင် လီဆာ့မှာတော့ကလေးကြီးနဲ့ကလေးငယ်နှစ်ယောက်ရလိုက်သလိုပါပဲ။ အဲ့လိုမျိုးချွဲစိန်သားမိနှစ်ယောက်ကိုပိုင်ဆိုင်ထားရလို့ လီဆာတို့စိတ်ပျက်နေမယ်ထင်ရင်မှားမှာပေါ့ သူ့မှာချစ်ဇနီးကိုရော သမီးလေးကိုပါချစ်မဝ။ အဲ့ဒီသားအမိရစ်တာချွဲတာမှမခံရရင်မနေတတ်ပါဘူးဆိုပြီး သူကိုယ်တိုင်က ခွင့်ပြုထားတာလေ။

ညအိပ်ယာဝင်ချိန်ဆိုရင် ဇနီးနဲ့သမီးကိုဘေးမှာထားပြီးလီဆာကအလည်မှာအိပ်ရသည်။ နိုရာလေးကလီဆာနဲ့ခွဲသိပ်လိုက်တာနဲ့ တစ်အိမ်လုံးအိပ်မရသည်အထိငိုတတ်သည်။ဇနီးဖြစ်သူကလည်းလီဆာချော့သိပ်တာမှမဟုတ််ရင်မအိပ်တတ်ပါဘူးဆိုတာနဲ့လီဆာကတော့အလည်တည့်တည့်မှာနေရာယူရင်း အပြိုင်အဆိုင်ဖက်ထားသမျှငြိမ်ခံကာကျေနပ်စွာဖြင့်အိပ်စက်လေသည်။

အနက်ရောင်ပေါ်မှာ ငွေမှုံငွေစလေးတွေပြိုးပြိုးပြက်ပြက်လက်နေသော လက်တစ်လုံးကြိုးလေးနဲ့ပွဲတက်ဂါဝန်လေးဝတ်ဆင်ပြီး အပေါ်ထပ်မှဆင်းလာသော ဂျဲန်းနီကို လီဆာတစ်ယောက်ပါးစပ်အဟောင်းသားနဲ့ငေးနေမိသည်။ကလေးမွေးပြီးမှ ပို၍လှသွေးကြွယ်လာသောချစ်ဇနီးကိုလီဆာ့မှာချစ်မဝ ။ လီဆာကတော့ အဖြူရောင်ရှပ်လက်ရှည်နှင့် suit pant အနက်ရောင်တို့ကိုသာဝတ်ဆင်ထားလေသည်။အပေါ်ထပ်မှဆင်းလာသောဇနီးဖြစ်သူအားလက်ကမ်းပေးလိုက်တော့ သူမရဲ့လက်ကလေးများက လီဆာ့ရဲ့လက်မောင်းမှာအကျပန။

You're all I want (Completed) Where stories live. Discover now