Part ( 2 )

2.6K 159 2
                                    

အိပ်ယာကနိုးတာနဲ့ ဖုန်းကိုကောက်ကိုင်ကာ မောင့်ဆီက စာများဝင်လာလေသလားလို့ ကြည့်လိုက်မိသည်။ နောက်မှ သတိရမိသည်က မောင့်ရဲ့ဖုန်းကို ဂျဲန်း block ထားသည်ပင် ။ မောင့်ဘက်က ဆက်သွယ်ချင်ရင်တောင် ဘယ်လိုမှဆက်သွယ်လို့ရမည်မဟုတ် အဆက်အသွယ်လုပ်လို့ရသည့်နေရာမှန်သမျှကနေ မောင့်ကို blockထားသည်မဟုတ်လား ။ဖုန်းကိုကြည့်ရင်း သက်ပြင်းလေးချလိုက်မိသည် အခုဆို လီဆာလို့ခေါ်သည့်မောင်နဲ့ကျွန်မက သူစိမ်းတွေဖြစ်သွားကြလေ ။

" နီနီ နင်လုပ်တာတွေမဟုတ်သေးဘူးနော် ဟိုရက်ကအထိ အဆင်ပြေနေတဲ့နင်တို့က ဘာလို့လမ်းခွဲလိုက်ကြတာလဲ လီဆာနဲ့က တကယ်ပြတ်ကြတာလား အရင်လိုပဲ ခဏတာစိတ်ကောက်ကြတာမလား "

ကျွန်မကိုစကားပြောရင်း ဝင်လာသည်မှာ ကျွန်မရဲ့အစ်မအရင်းဖြစ်သည့် ကင်မ်ဂျီဆူး

" ခဏတာမဟုတ်ဖူး မမ ၊ နီနီ နဲ့ သူနဲ့ တကယ်လမ်းခွဲလိုက်တာ အခုတကယ်ပြတ်သွားကြပြီ "

" လမ်းခွဲလိုက်ကြတယ်ဆိုရအောင် လီဆာကရော သဘောတူတာလား နီနီလမ်းခွဲမယ်ဆိုတော့ သူကမတားဘူးလား ပြောစမ်းပါ မမကို လီဆာကဘာအပြစ်တွေလုပ်ထားလို့ လမ်းခွဲရတာလဲ "

" ဘာကြောင့်လဲဆိုတော့... နီနီ သူ့ကိုမချစ်တော့လို့ပါ "

ဂျီဆူးရဲ့အမေးစကားကို သက်ပြင်းလေးခိုးချရင်း အေးစက်နေသည့်လေသံဖြင့်ဖြေလိုက်မိသည်။သူမရဲ့အဖြေကိုကြားရသည် ဂျီဆူးမှာ ပါးစပ်အဟောင်းသားဖြင့်ဖြစ်သွားလေသည် ။

" ဟုတ်မှလည်းပြော တခြားအကြောင်းအရာတစ်ခုနဲ့အကြောင်းပြရင်တောင်ယုံဦးမယ် လီဆာ့ကိုမချစ်တော့ဘူးဆိုတဲ့စကားကလေ အနောက်ဖက်ကနေထွက်လာတယ်ဆိုတဲ့စကားလောက်တောင်ယုံချင်စရာမကောင်းတာကို ကလေးကိုပဲသွားပြော ယုံပေးလိမ့်မယ် "

" အတည်ပြောနေတာ မမ တကယ်မချစ်တော့တာ ချစ်ရတာရော အချစ်ခံရတာရောပဲ ပင်ပန်းနေပြီ နီနီဘက်က "

" နီနီရယ် မမရဲ့ ညီမလေးဖြစ်နေလို့သာ အခု နီနီပြောတဲ့စကားကို မမဖြင့်ဘာစကားမှပြောစရာမရှိဖြစ်သွားတယ် တခြားအရာတွေလုပ်ယူလို့ရတာမှန်ပေမယ့် ကိုယ့်ကိုချစ်တဲ့သူကိုတော့ အလွယ်တကူရှာမတွေ့နိုင်ဘူး နီနီရဲ့ မမရဲ့ညီမလေး ဆုံးဖြတ်ချက်မှန်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် "

You're all I want (Completed) Where stories live. Discover now