Part ( 27 )

2.3K 128 31
                                    


သမီးလေးကိုနို့တိုက်ပြီးတော့ မေမေကသမီးလေးကိုခေါ်ကာ ပုခက်ထဲသို့ထည့်ထားလိုက်လေသည်။မေမေကတော့ အပြင်ခဏသွားမည်ဟုဆိုသည်။ ဂျဲန်းလည်း ပင်ပန်းနေသဖြင့် မျက်လုံးမှိတ်ကာ အနားယူနေလေသည်။ မမနဲ့အစ်မချယ်ယောင်းတို့ကတော့ဘာလုပ်နေသည်မသိ။ အခန်းထဲဝင်လိုက်အပြင်ပြန်ထွက်လိုက်နဲ့အလုပ်ရှုပ်နေသည်။ ခဏကြာတော့ ဂျဲန်းရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အမ်မလီနဲ့နာယွန်းတို့ရောက်လာကြသည်။

" ဂျဲန်းနီ...နေရထိုင်ရတာသက်သာရဲ့လား"

" သက်သာပါတယ်...မွေးပြီးကာစကတော့ပင်ပန်းတာပေါ့... အခုတော့အဆင်ပြေသွားပါပြီ"

" နားနားနေနေ နေဦး...ဘာဖြစ်ဖြစ်...ငါတို့နှစ်ယောက်လုံးနင့်အတွက်ရှိတယ်နော် "

အမ်မလီနဲ့နာယွန်းရဲ့စကားကိုစိတ်ထဲမှာဘဝင်မကျ ဘာပဲ ဖြစ်ဖြစ်ဆိုရအောင် ဘယ်သူကဘာဖြစ်နေလို့လဲ။ ဒါပေမယ့် ဂျဲန်းနီဘာမှပြန်မပြောပဲ ပြုံးရုံသာတုန့်ပြန်လိုက်သည်။ နာယွန်းက ပုခက်ထဲမှသမီးလေးကိုကြည့်ပြီး

" ကြည့်ပါဦး...သမီးလေးက နင်နဲ့တူလိုက်တာ ပါးလေးတွေကဖောင်းပြီးတော့...ခြေတံလက်တံတွေရှည်တာကတော့ အစ်မလီဆာနဲ့တူတာပဲ...သမီးလေးကချစ်မွှေးလေးကွာ...ပြုံးရယ်နေတာပဲ...ငါတို့တောင်ဒီလောက်ချစ်တာ အစ်မလီဆာသာဆိုရင်ဘယ်လိုတောင်နေမလဲမသိဘူး "

သူငယ်ချင်းတွေပြောမှ ဂျဲန်း မောင့်ကို ပိုပြီးသတိရမိသွားသည်။ ဒါပေမယ့် သူမဘက်မှစပြီး မဆက်သွယ်ချင်။ ဘယ်လိုပဲ ပြသနာတွေဖြစ်ဖြစ် မီးဖွားတော့မယ့်ရက်ကလေးတော့ အနားကိုရောက်လာသင့်သည်မဟုတ်လား။ သူလည်းသမီးလေးရဲ့မိခင်ပဲကို လာခဲ့ရင်ရော ဘယ်သူကရိုက်ထုတ်မှာမလို့လဲ။

အခန်းတံခါးဖွင့်သံကြားရတော့ ဂျဲန်းလည်းသမီးလေးကိုကြည့်နေရာမှ အခန်းဝသို့ကြည့်လိုက်မိတော့ မောင့်ရဲ့သူငယ်ချင်းတွေကိုတွေ့လိုက်ရသည်။ မောင်နဲ့အတူဓာတ်ပုံထဲမှာတွေ့ရသည့်အမျိုးသမီးလည်းပါသည်။ နောက်ထပ်ဂျဲန်းမမြင်ဖူးတဲ့လူတစ်ယောက်လည်းပါလာလေသည်။ အခြားသောသူများကိုအားနာတာနဲ့ ဂျဲန်းလည်းဝင်လာခိုင်းလိုက်လေသည်။

You're all I want (Completed) Where stories live. Discover now