Part ( 11 )

2.1K 147 9
                                    

အောက်ထပ်က အခန်းမှာတော့ မူးနေသည့် ဂျီဆူးနှင့်ချယ်ယောင်း နှစ်ယောက်သားဖက်ကာအိပ်ပျော်နေလေသည်။ ချယ်ယောင်းရဲ့ခြေထောက်များက ဂျီဆူးရဲ့ခါးမှာ ခွထားလျက်သားရှိနေသည်။ နှစ်ယောက်သားအိပ်ပျော်နေရင်းမှ ဂျီဆူးတစ်ယောက် အိပ်ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့် ဖြစ်လာသည်။ တစ်ယောက်ယောက်ကခွထားကာဖက်ထားသည်ကိုခံစားမိသော်လည်း ဂျဲန်းနီဟုထင်မှတ်မိကာ ဂရုမစိုက်မိ။ သောက်ထားသည့်အရှိန်ကြောင့် ခန္ဓာကိုယ်မှအနည်းငယ်ပူသလိုခံစားလာရသည်။

ထို့ကြောင့် မျက်စိအားမဖွင့်ပဲ အဝတ်အစားများကိုချွတ်ကာ ကုတင်ဘေးသို့ပစ်ချလိုက်ပြီး ပြန်လည်အိပ်စက်လိုက်လေသည်။ ဘေးကတစ်ယောက်က သူမပြန်လှဲလိုက်သည်နှင့် ရင်ခွင်ထဲသို့တိုးဝင်ကာ သူမရဲ့ခါးကိုဖက်ထားလေသည်။ ဂျီဆူးလည်း ​အလိုက်သင့်ပြန်ဖက်ထားရင်း ခေါင်းလေးကိုပွတ်ပေးကာ ပြန်အိပ်စက်လိုက်လေတော့သည်။

.
.
.
မနက်ခင်း နေအလင်းရောင်က အခန်းတွင်းသို့ဝင်ရောက်လာသဖြင့် အကျင့်ဖြစ်နေသောမျက်လုံးများက ပွင့်လာသည်။ လီဆာမျက်လုံးဖွင့်လိုက်ရင်း ရင်ခွင်ထဲမှ ကောင်မလေးကို ချစ်မြတ်နိုးစွာကြည့်ရင်း မျက်နှာပြင်ထက်ကျနေရော ဆံပင်လေးများအားဖယ်လိုက်ရင်း နဖူးပြင်လေးကိုဖွဖွလေးနမ်းလိုက်သည်။ မျက်နှာအစိတ်အပိုင်းအားလုံးအားတစိမ့်စိမ့်ကြည့်နေရင်း ဖုန်းမှနာရီကိုကြည့်လိုက်တော့ မနက်၇နာရီထိုးနေတာကြောင့် ဂျဲန်းနီစားရန်အတွက်မနက်စာပြင်ပေးဖို့ အိပ်ယာမှထလိုက်သည်။

လီဆာက သူများတွေနဲ့ဆိုလျှင် တည်တည်ကြည်ကြည်နှင့်အရယ်အပြုံးသိပ်မရှိ ။အရမ်းရင်းနှီးသောသူများနှင့်သာစကားပြောဆိုရတာအဆင်ပြေလေသည်။ဂျဲန်းနီနဲ့ပတ်သက်လျှင်တော့ အသေးစိတ်ကအစဂရုစိုက်တတ်သောသူတစ်ယောက်ဖြစ်သည်။ ချစ်သူဘဝကတည်းက စိတ်ကူးထားတာရှိသည်။ ဂျဲန်းနီနှင့်နှစ်ယောက်ဘဝထူထောင်လျှင် သူ့ဘက်ကသာအရာရာ အကုန်လုပ်ပေးပြီး သူမကိုတော့ ဘာမှမလုပ်ခိုင်းပဲ ကလေးတစ်ယောက်လိုသာထားမည်ဆိုတာပင်။ အခုလည်း နိုးလာသည်နှင့်မျက်နှာသစ်အဝတ်အစားလဲကာ ဂျဲန်းနီစားဖို့မနက်စာကို ကိုယ်တိုင်လုပ်ပေးရန်အောက်ထပ်သို့ဆင်းလာခဲ့လိုက်လေသည်။

You're all I want (Completed) Where stories live. Discover now