Part (17)

1.7K 85 0
                                    


       " မင်ဂျယ်တို့ကို နားရက်ပေးမယ် "

       " ရေး....."

     လီဆာ စကားပင်မဆုံးသေး ထအော်လိုက်သော ကလေးတွေကြောင့် လီဆာစကားစပြတ်သွားရသည်။ နားရက်ရသောကြောင့်ပျော်နေသောကလေးတွေကိုကြည့်ပြီး လီဆာပြုံးမိသည်။ ထို့နောက် ဆက်ပြောစရာစကားတွေလည်းရှိနေသေးသောကြောင့် လက်ကလေးထောင်ကာ ခဏလောက်တိတ်ပေးကြဖို့ပြောလိုက်ရသည်။

     " အစ်မပြောတာခဏနားထောင်ကြဦး.... နားရက်မပေးခင် ဒီည အကုန်လုံးကို အစ်မနဲ့ချယ်ယောင်းက စားသောက်ဆိုင်မှာ တစ်ဝိုင်းလိုက်ကျွေးဖို့စီစဥ်ထားပါတယ်"

      လီဆာပြောပြီးတော့ ချယ်ယောင်းကပါဝင်ပြောလိုက်သည်။

    " အဲ့ဒါကြောင့်မလို့ အခုလုပ်လက်စအလုပ်တွေပြီးရင် အကုန်လုံးအိမ်ပြန်အနားယူလို့ရပါပြီ ညနေကျရင်တော့ မြို့ပြင်ကစားသောက်ဆိုင် Orange Jasmin ကို အားလုံးလာခဲ့ကြပါ"

       ချယ်ယောင်းပြောပြီးသည့်နောက် ကလေးများကပြုံးရွှင်စွာဖြင့် အလုပ်များကိုအမြန်လုပ်ကြလေသည်။ အားလုံးကလည်းတက်ကြွနေကြလေသည်။
လီဆာတို့အလုပ်က တစ်ပတ်လုံးနားရက်မရှိ။ နားလည်မှုနဲ့အလှည့်ကျနားခွင့်ယူကြတာဖြစ်သည်။ အလုပ်နားရက်မရှိပေမယ့် လီဆာနှင့်ချယ်ယောင်းတို့ကသူများတွေနဲ့မတူပေ။ လုပ်ခလစာကိုပြည့်ပြည့်ဝဝပေးသည့်အပြင် မိသားစုလိုမျိုးဆက်ဆံသောကြောင့် လီဆာတို့အလုပ်မှာ လူမြဲသည်။ 

         တအောင့်ကြာတော့ ကလေးတွေအလုပ်ပြီးလို့ ပြန်ဖို့ပြင်နေကြပြီဖြစ်သည်။ မင်ဂျယ်တို့အားလုံးပြန်သွားကြပြီးနောက်လီဆာတို့လည်း  အိမ်သို့ပြန်ရန်ပြင်လိုက်သည်။  အိမ်မှာက ဂျဲန်းနီနှင့် ဂျီဆူးနှစ်ယောက်တည်းသာကျန်ခဲ့သည်မဟုတ်ပါလား။

...........

    " ရှန်တဲလ်....နင်သောက်နေတာတအားများနေပြီ "

     ဆိုးလ်မြို့ရဲ့ လူစည်ကားသောလမ်းမတစ်နေရာမှာရှိသော ဘားတစ်ခုမှာ ဂျိုးဇက်၊ဆိုမီနှင့် ရှန်တဲလ်တို့ ရောက်နေကျခြင်းဖြစ်သည်။

     " ငါတကယ်မယုံနိုင်ဘူး ဆိုမီရယ်...ငါစိတ်ကူးထားခဲ့တာက တစ်နေ့ကျလီဆာနဲ့ငါနဲ့အရင်လိုပြန်အဆင်ပြေပြီးတော့နှစ်ယောက်အတူဘဝတစ်ခုထူထောင်မယ်လို့လေ"

You're all I want (Completed) Where stories live. Discover now