Part ( 29 )

2.8K 148 18
                                    

   အခန်းထဲသို့ပြန်ရောက်တော့ ဂျဲန်းကနှစ်ယောက်တည်းသာ နေချင်သည်ဆိုတာနဲ့ ကျန်တဲ့သူတွေကိုပြန်အနားယူခိုင်းလိုက်ပြီး ညနေစာလာပို့မှ လာခဲ့ကြရန်မှာလိုက်သည်။ ဂျဲန်းက အခုထိ လီဆာ့ရင်ခွင်ထဲကမထွက်။ လီဆာက ဖက်ထားပေးမှာမလို့ ခဏလောက်အိပ်လိုက်ဖို့ပြောတော့လည်း မျက်လုံးများကခဏသာမှိတ်သည်။ သူအိပ်ပျော်သွားတဲ့အချိန် မောင်ကထပ်ပြီးထွက်သွားမှာကြောက်သည်တဲ့လေ။ သွေးနုသားနုနဲ့သတင်းဆိုးကိုကြားလိုက်ရတော့ တကယ်မဟုတ်ပေမယ့်လည်း ဂျဲန်းရဲ့စိတ်ထဲမှာ ကြောက်စိတ်လေးဝင်သွားသည်ထင်သည်။

        ဂျဲန်းကိုဖက်ထားရင်းချော့သိပ်နေတုန်း သမီးလေးက ငိုလာသည်။ ပုခက်ပေါ်မှာပဲအိပ်နေရတော့ ကျောပူလာသည်ထင်တယ်။ လီဆာဂျဲန်းကိုအိပ်ယာထက်မှာခဏနေဖို့ပြောခဲ့ပြီး သမီးလေးကို ပွေ့ချီကာ အခန်းထဲမှာလမ်းလျောက်ပြီးချော့မြူနေလေသည်။

  

        သမီးက မောင်ချီလိုက်သည်နှင့် ငိုနေရာမှတိတ်သွားပြီး တအင်းအင်းတအဲအဲနှင့်အသံပြုနေလေသည်။ ခဏကြာတော့ အသံလေးများပင်ပြန်တိတ်သွားပြီး မောင့်လက်ပေါ်မှာတင် ပြန်အိပ်သွားသည်။ သမီးအိပ်သွားပေမယ့် ပုခက်ပေါ်သို့ပြန်မချသေး။ သမီးလေးကျောပူနေမှာစိုးလို့ မောင်ခဏချီပြီးသိပ်လိုက်ဦးမယ်ဟု     လေသံလေးဖြင့်တိုးတိုးပြောသည်။

     
         မိနစ်၂၀ခန့်လမ်းလျောက်ပြီးနောက် သမီးကိုပုခက်ထဲသို့ပြန်ထည့်နေတုန်း လီဆာ့ရဲ့ခါးဆီသို့ ဂျဲန်းရဲ့လက်ကလေးနှစ်ဖက်ကရစ်တွယ်လာသည်။ သမီးကိုအိပ်ယာထက်အသာအယာချကာ ဂျဲန်းရဲ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး ခါးကိုမတ်လိုက်တော့ ဂျဲန်းရဲ့ ပါးမို့မို့လေးများက ကျောမှာကပ်တွယ်လာလေသည်။ လီဆာလည်း ခါးမှာဖက်ထားတဲ့လက်ကိုမဖြုတ်ပဲ ခန္ဓာကိုယ်ကိုလှည့်လိုက်ကာ ဂျဲန်းကိုရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်လေသည်။

          " မောင်....ဂျဲန်းတောင်းပန်ပါတယ်နော် နောက်ဆိုရင်အဲ့လိုထပ်မဖြစ်စေရပါဘူး မောင့်စကားတွေကိုသေချာနားထောင်ပါ့မယ် "

You're all I want (Completed) Where stories live. Discover now