Part ( 18 )

1.8K 89 6
                                    

    ဂျဲန်းနီ လီဆာတို့ မြို့ကလေးဆီရောက်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ နောက်ရက်ဆိုလျှင် ကျောင်းလည်းပြန်တက်ရတော့မှာဖြစ်လို့ ပြန်ရတော့မည်ဖြစ်သည်။ ကြင်စဦးကာလဖြစ်တာမလို့ ဂျဲန်းနီမှာ လီဆာနှင့်မခွဲချင်သေးပေ။ ပျားရည်ဆမ်းသောကာလများဖြစ်သော်လည်း ပြန်ရတော့မည့်အသိကြောင့် ဝမ်းနည်နေသည်။

    လီဆာ့ကိုဖက်ထားရင်း သက်ပြင်းခဏခဏချကာ တိုးဖက်နေသည့် ဂျဲန်းနီကိုကြည့်ရင်း လီဆာစိတ်မကောင်းဖြစ်မိသည်။ ဖြစ်နိုင်မယ်ဆိုရင် လီဆာလည်းသူမလေးရှိရာမြို့သို့လိုက်သွားချင်သည်။ သို့ပေမယ့် အလုပ်တွေကပစ်ထားလို့မရသေးတာမလို့ ဂျဲန်းကိုပြန်ပို့ပြီးတာနှင့် လီဆာကပြန်လာရမှာဖြစ်သည်။ နှစ်ယောက်သားအတွေးကိုယ်စီဖြင့် ဖက်ထားရင်း အခန်းထဲမှာလိုအပ်တာထက်ပို၍ တိတ်ဆိတ်နေလေသည်။

  
       " မောင့်အချစ်"

       လီဆာရဲ့ခေါ်သံကြောင့် ရင်ခွင်ထဲမှ သူမလေးက မျက်လုံးလေးလှန်ကာမော့ကြည့်လေသည်။ လီဆာက သူမရဲ့နဖူးလေးကိုနမ်းလိုက်ရင်း ဂျဲန်းနီရဲ့လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

     " မောင်မှာတာတွေမမေ့နဲ့နော် မောင်ကအကြာကြီးခွဲနေမှာမဟုတ်ဖူး ဂျဲန်းရှိတဲ့ဆီကိုခဏခဏလာခဲ့မယ် ဟုတ်ပြီလား "

     လီဆာပြောနေသောလည်း ဂျဲန်းနီဆီက တုံ့ပြန်မှုမရပဲ ရင်ခွင်ထဲသို့အတင်းတိုးဝင်ကာ ဖက်ထားလေသည်။ ခဏကြာတော့ လီဆာ့ရင်ဘတ်မှာစိုစွတ်သောခံစားမှုနဲ့အတူ ရင်ခွင်ထဲမှ ပေါက်စလေးရဲ့ခန္ဓာကိုယ်မှာတသိမ့်သိမ့်တုန်လာသည်။  စိုးရိမ်ကြီးစွာဖြင့် ဂျဲန်းနီရဲ့မျက်နှာလေးကို လက်တစ်ဖက်ဖြင့်အသာမော့ယူလိုက်တော့ မျက်ဝန်းအိမ်မှ မျက်ရည်စများဖြင့် ဂျဲန်းနီကိုတွေ့လိုက်လေသည်။

     " မငိုပါနဲ့အချစ်ရယ် ဂျဲန်းငိုရင်မောင့်ရင်တွေနာတာသိရက်နဲ့"

      မျက်ရည်များပြည့်နေသော ဂျဲန်းနီရဲ့မျက်ဝန်းများကို လီဆာနှုတ်ခမ်းလေးဖြင့်နမ်းလိုက်ရင်း မျက်ရည်များကိုသုတ်ပေးလိုက်သည်။ ငိုထားသောအရှိန်နဲ့ နှာခေါင်းထိပ်လေးများပင်ရဲတွတ်နေသည်။

You're all I want (Completed) Where stories live. Discover now