Part ( 12 )

2K 112 1
                                    

  ဂျဲန်းနီပြောပြသည်များကိုနားထောင်ရင်း မနေ့ကဖြစ်ပျက်ခဲ့သည်များကို ဂျီဆူး ပြန်စဥ်းစားကြည့်မိသည်။  ခေါင်းထူပူနေသဖြင့်အစပိုင်းတွင် ဘာမှစဥ်းစားမရပေမယ့် တဖြည်းဖြည်းပေါ်လာသည့်အဖြစ်အပျက်များကြောင့် ဂျီဆူး သူမှားသွားတာကို သိလာရသည်။ ဂျဲန်းနီပြသည့် ဗီဒီယိုထဲမှ သူမရဲ့အဖြစ်ကြောင့် ပတ်ချယ်ယောင်းကို အားလည်းအားနာမိသလို ရှက်လည်းရှက်မိသွားသည်။ သူမ အထင်လွဲကာစွပ်စွဲမိသည့်အပြင် ရှက်ပြီး ရိုက်လိုက်မိတာကြောင့် မျက်နှာလည်းပူမိသည်။ အဝတ်အစားများအမြန်ဝတ်ကာ ပတ်ချယ်ယောင်းကိုတောင်းပန်ရန် ညီမဖြစ်သူ ဂျဲန်းနီနဲ့အတူအခန်းပြင်သို့ထွက်ခဲ့သည်။

     ဧည့်ခန်းထဲမှာတော့ လီဆာ့ဘေးမှာထိုင်နေသည်ကိုတွေ့ရသည်။ ဆံပင်တွေကြားလက်ထိုးထည့်ထားရင်း ခေါင်းကိုအောက်ငုံကာ သူဘာမှမလုပ်မိသည့်အကြောင်းကိုရှင်းပြနေလေသည်။ ချယ်ယောင်းတို့ရဲ့မျက်နှာချင်းဆိုင် ခုံတွင်ထိုင်လိုက်ပြီးနောက် ဂျီဆူးတောင်းပန်စကားဆိုလိုက်သည်။

    " ချယ်ယောင်း...အစ်မတောင်းပန်ပါတယ်...အစ်မလည်းအိပ်ယာကနိုးနိုးချင်းဆိုတော့ မနေ့ကအခြေအနေကိုချက်ချင်းသတိမရပဲ စွပ်စွဲမိသလိုဖြစ်သွားတယ်..."

      ဂျီဆူးရဲ့အသံကြားတော့ ပတ်ချယ်ယောင်းမှာ ခေါင်းကိုငုံ့ထားရာမှ  မော့ကြည့်သည်။ မျက်ဝန်းထဲမှာတော့ မျက်ရည်စလေးများတွဲခိုနေသည်။

    " တော်သေးတာပေါ့...ချယ်က အစ်မကိုမျက်နှာပူနေတာ...အားနာစရာတွေလုပ်မိပြီဆိုပြီး...မျက်နှာချင်းတောင်မဆိုင်ရဲတော့တဲ့အထိပဲ..."

    ငိုချလာသော ပတ်ချယ်ယောင်းကြောင့် လီဆာပုခုံးကိုဖက်ရင်းနှိမ့်သိမ့်ဖို့ပြင်လိုက်တုန်း အရှေ့ခုံကနေအလျှင်အမြန်ထလာတာ ချယ်ယောင်းကိုဖက်ရင်းမျက်ရည်များကိုသုတ်ပေးလာသော ဂျီဆူးကြောင့် လီဆာ့မှာ အနောက်သို့မသိမသာဆုတ်လိုက်ရသည်။ ချယ်ယောင်းရဲ့မျက်နှာကိုတယုတယကိုင်ကာ ချော့နေသည့်ဂျီဆူးရဲ့ပုံကိုကြည့်ရင်း ဇနီးမယားနှစ်ယောက်သားအချင်းချင်း မျက်စပစ်ရင်းစကားပြောနေမိသည်။  ဘေးနားမှာလီဆာနှင့်ဂျဲန်းနီရှိတာကိုမေ့နေသည့်ပုံ။ ဘေးလူတွေမြင်ရင် စိတ်ကောက်နေသောချစ်သူကိုချော့နေသည်နှင့်ပင်တူလေသည်။

You're all I want (Completed) Där berättelser lever. Upptäck nu