Part ( 8 )

2.4K 140 0
                                    

      မင်္ဂလာပွဲက အောင်မြင်စွာဖြင့်  ပြီးဆုံးခဲ့ပြီဖြစ်သည်။ ဂျဲန်းတို့ရဲ့မိသားစုအသိုင်းအဝိုင်းဘက်က စီးပွားရေးမိတ်ဖက်များစွာတက်ရောက်ခဲ့ကြလေသည်။ လီဆာဘက်မှာတော့ ချယ်ယောင်းနဲ့အတူ မင်ဂျယ်အပါအဝင် ဆွေမျိုးတော်စပ်သည့် ဦးလေးနှင့်အဒေါ်တို့နဲ့ သူငယ်ချင်းအပေါင်းအသင်းများ တက်ရောက်ခဲ့လေသည်။

   ပွဲပြီးတော့ မင်ဂျယ်နှင့်ဦးလေးတို့ကချက်ချင်းပြန်သွားကြပေမယ့် ချယ်ယောင်းကတော့ နောက်ရက်မှ လီဆာတို့စုံတွဲနှင့် အတူတူပြန်ကြမည်ဖြစ်သည်။ ဂျဲန်းက မောင်နေသည့်မြို့သို့ခဏလိုက်ချင်သည်ဟုဆိုသဖြင့် ရက်အနည်းငယ်လောက်ခေါ်သွားရန်ဖြစ်သည်။ အခုမှ လက်ထက်ပြီးကာစဆိုတော့ ဂျဲန်းမှာလီဆာနှင့်ခွဲကာနေချင်သည့်ပုံမပေါ်။ လီဆာလည်း အတူတူပင်ဖြစ်သည်။

     " မောင် ဂျဲန်းရဲ့ အင်္ကျီဇစ်လေး ကူဆွဲပေးပါဦး "

   ဂျဲန်းနီမှာ ကျောဘက်တွင်ရှိသောဇစ်ကို ဖြုတ်ရခက်နေပုံ။ ကုတင်ပေါ်လှဲနေရာမှ လီဆာထလိုက်ပြီး ဂျဲန်းရဲ့ဇစ်လေးကိုဆွဲချပေးလိုက်တော့ ပေါ်လာသည့် ကျောပြင်ဖွေးဖွေးလေး ။ ကြည့်နေရင်း အသည်းယားလာသဖြင့် ပုခုံးလေးကိုနှုတ်ခမ်းဖြင့်ဖွဖွလေးနမ်းလိုက်သည်။ လီဆာနမ်းလိုက်တော့ ဂျဲန်းနီ လန့်သွားသည့်နှယ် ခန္ဓာကိုယ်လေးမှာရုတ်တရုတ်တုန်သွားသည်။

       " မောင့်...ချွေးတွေနဲ့လေကွာ "

    

     ​စကားတွေကို ဥပေက္ခာပြုကာ လီဆာတစ်ယောက် ဂျဲန်းနီရဲ့ ကျောပြင်ဖွေးဖွေးလေးနှင့် ပုခုံးသားလေးများကိုနမ်းရှိုက်ရင်း မိန်းမောနေသည်။ ဂျဲန်းနီမှာလည်း ပြောမရသည့်အဆုံး စိတ်တို့လျော့လိုက်ကာ လီဆာ့ရင်ခွင်ထဲသို့ သူမ၏ကျောပြင်အားပစ်မှီလိုက်ပြီး ခေါင်းလေးငဲ့ကာ သူမရဲ့နှုတ်ခမ်းဆီသို့ အနမ်းများရောက်လာမည့်အချိန်ကိုစောင့်ဆိုင်းနေသည်။

     နောက်ကျောဘက်သို့ နမ်းရှိုက်ပြီးသည့်နောက် ရောက်ရှိလာသည်က ဂျဲန်းနီကင်မ်ရဲ့ နှုတ်ခမ်းပါးလေးများဆီသို့။ တစ်ယောက်နဲ့တစ်ယောက်မွတ်သိပ်စွာနမ်းရှိုက်နေသည်။ အချိန်မည်မျှကြာသွားသည်မသိ။ ဂျဲန်းနီ အသက်ရှူမဝသလိုခံစားလာရတော့ လီဆာ့ရင်ဘတ်လေးကိုလက်သီးဆုပ်လေးဖြင့်ခပ်ဖွဖွထုလိုက်မှ အနမ်းတို့ခဏရပ်ကာ နဖူးချင်းတေ့ပြီး အသက်ဝဝရှူလိုက်ရလေသည်။

You're all I want (Completed) Where stories live. Discover now