Part ( 13 )

2.1K 119 3
                                    

" သမီးတို့ လမ်းခရီးဂရုစိုက်မောင်းနော်...နီနီလည်း ကျန်းမာရေးဂရုစိုက် ကိုယ်က မပေါ့မပါးကြီးနဲ့ "

" ဟုတ်ကဲ့အမေ... စိတ်ချပါ"

" ဟိုကိုရောက်ရင်လည်း ဖုန်းဆက်ဦးနော် "

ယောက္ခမက စိတ်မချစွာဖြင့်မှာနေသည်ကို လီဆာ ပြုံးကြည့်နေခဲ့သည်။ မနက်စာစားသောက်ပြီးသည့်နောက် ၄ယောက်သား နယ်သို့ပြန်ကြရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အိမ်ရှိအလုပ်သမားများကလည်း ပြန်လာရင်လက်ဆောင်ဝယ်ခဲ့ဖို့မှာကာ အထုတ်များကိုကားပေါ်သို့ ကူသယ်ပေးကြလေသည်။ ထို့နောက် အားလုံးကိုနှုတ်ဆက်ကာ ထွက်လာခဲ့ကြလေသည်။

ကားမောင်းသည့်တာဝန်ကို ချယ်ယောင်းကယူပြီး ရှေ့ခန်းမှာတော့ ဂျီဆူးက ဝင်ထိုင်လိုက်သည်။ နောက်ခန်းမှာတော့ လီဆာနဲ့ဂျဲန်းနီတို့ဇနီးမယားနှစ်ယောက်က တစ်ယောက်ပေါ်တစ်ယောက်တက်မထိုင်ရုံတမယ် ပွေ့ဖက်ထားကြလေသည်။

လီဆာတို့ရဲ့ကားလေးမှာ အဝေးပြေးလမ်းမပေါ်၌ တရိပ်ရိပ်ပြေးလွှားနေသည်။ အိမ်မှာထွက်လာတာ နာရီဝက်လောက်ရှိပြီဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်စကားမပြောဖြစ်ကြ။ ချယ်ယောင်း ကားမောင်းနေရင်းနှင့် နောက်ကြည့်မှန်ထဲမှလှမ်းကြည့်လိုက်တော့ လီဆာ့ရဲ့ပေါင်ကိုခေါင်းအုံးကာလှဲအိပ်နေသောဂျဲန်းနီကိုတွေ့လိုက်ရသည်။ လီဆာကတော့ သူ့ဇနီးရဲ့လက်ကလေးများကိုကိုင်ထားကာ နောက်သို့မှီထားတာကိုတွေ့ရလေသည်။ ဘေးဘက်သို့ကြည့်လိုက်တော့ အနည်းငယ်အိပ်ချင်နေသောမျက်လုံးများဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေသည့်ဂျီဆူးကြောင့် အိပ်ချင်ပြေအောင် စကားပြောဖို့ပြင်လိုက်လေသည်။

" အစ်မဂျီဆူး အိပ်ချင်နေပြီလား "

" နည်းနည်းအိပ်ချင်နေတာ စကားလည်းမပြောဖြစ်တော့ ပျင်းလာတာလည်းပါတယ် "

" အဲ့ဒါဆို သီချင်းနားထောင်ရင်း စကားပြောကြမယ်လေ "

" ကောင်းသားပဲ အစ်မသီချင်းဖွင့်လိုက်မယ်နော် "

သီချင်းဖွင့်ထားရင်း စကားတပြောပြောနှင့်ကားမောင်းလာခဲ့သည်မှာ လမ်းတစ်ဝက်ပင်ရောက်နေပြီဖြစ်သည်။ အချိန်ကိုကြည့်လိုက်တော့လည်း နေ့လည် ၁၂နာရီထိုးတော့မှာမလို့ နေ့လည်စာစားရန်အတွက် ခဏနားဖို့ကြံလိုက်သည်။

You're all I want (Completed) Where stories live. Discover now