2.နို့ခဲလေး (Unicode)

1.4K 77 0
                                    


မက်ဆေ့ထဲက လိပ်စာအတိုင်း နိုအာ Dream Island သို့ ၈ နာရီ ၄၅ မိနစ်၌ ရောက်ရှိလာခဲ့သည်။ Dream Island Company သည် Architecture ကုမ္ပဏီ ဖြစ်သည့်အလျောက် ရုံးအဝင်အဝ Reception နေရာကပင် ဒီဇိုင်းက ကျော့ရှင်းနေတော့သည်။

Reception ၏ ဘေးတဖက်တချက်စီ၌ ထိုင်ခုံများ အစီအရီထားရှိပြီး ရုံးဝန်ထမ်းမဟုတ်သူများ ထိုင်နေကြလေသည်။ ထိုသူများက အင်တာဗျူး လာဖြေသူများသာ ဖြစ်လိမ့်မည်ဟု နိုအာ တွေးမိသည်။

နိုအာ တစ်ယောက် Reception နေရာ၌ ထားရှိသော မီးဆိုင်း လှလှကြီးနှင့် ခုံပေါ်ရှိ အရောင်အသွေးစုံလင်လှသော ပန်းအပြည့်ထိုးထားသည့် အိုးတို့အား သဘောတကျကြည့်နေမိလေသည်။ ထိုနေရာရှိ တာဝန်ကျ မိန်းကလေး ဝန်ထမ်းက ချောင်းအသာဟန့်ကာ နိုအာအား ''ဘာကူညီရမလဲရှင့်''ဟုဆိုကာမှ နိုအာ ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကျွန်တော် အချိန်ပိုင်းအလုပ်အတွက် အင်တာဗျူးလာဖြေတာပါ ခင်ဗျ''

Reception ကမိန်းကလေးက နိုအာအား စေ့စပ်စွာကြည့်သည်။ နို့နှစ်ရောင်ဝင်းနေသော အသားအရေ၊ မည်းနက်နေသော ဆံသားများ၊ မျက်ဆံနက်နက်ကလေးများ၊ ပါးနှစ်ဖက်က ချိုင့်ခွက်သေးသေးလေးများ နှင့် ကိုရီယားကားထဲမှ ချစ်စရာကောင်းသည့် ကောင်လေးများ နှင့် ဆင်တူလှသည့် နိုအာ အားပြုံးလျက် စိုက်ကြည့်ကာ ဘယ်နိုင်ငံသားဖြစ်မလဲဟု မိန်းကလေးက စိတ်ထဲ၌ ခန့်မှန်းနေတော့သည်။

"သြော်... အမ မှတ်မိပြီ Sir မနေ့ကပြောထားတဲ့ တက္ကသိုလ် ကျောင်းသားတွေ အင်တာဗျူးလာဖြေမယ်ဆိုတာ...
ဟုတ်ပါပြီ... ခဏထိုင်စောင့်ပါဦး အင်တာဗျူး မစသေးဘူး Sir လည်း မရောက်သေးဘူး''

"ဟုတ်ကဲ့ ကျွန်တော် စောင့်နေပါ့မယ်''

ထို ရွှေအိုရောင်ဆံပင်နှင့် မိန်းကလေးက နိုအာအား ပြန် ပြုံးပြီး သူမ၏ သိချင်စိတ်တို့အား မဖုံးကွယ်တော့ပဲ မေးခွန်းမေးလိုက်သည်။

... ''နို့ခဲလေး မင်းကို ကြည့်ရတာ အာရှသား မဟုတ်လား''

သူမ၏စကားကို ကြားသည့်သူများက မျက်နှာထက်၌ ပြုံးနေကြလျက် နိုအာ့အား ကြည့်နေကြသည်ကို နိုအာ သတိပြုမိသည်။ သို့ပေမယ့်
သူမ ရွတ်လိုက်သော နို့ခဲဟူသည့်အသုံးအား နိုအာ သေချာမကြားလိုက်ရသည်မို့ တွေဝေ စွာပင် သူ အာရှသားဖြစ်ကြောင်း ပြောလိုက်တော့သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now