29. Daddy's coming (Extra 2)

537 42 4
                                    

Unicode

နိုအာဂျွန့်အိမ်၌လိုက်နေဖြစ်သွားသည်မှာလွန်ခဲ့သည့်အပတ် ကတည်းကပင်ဖြစ်၏။ ဂျွန့်အိမ်၌ တပတ်ကျော်မျှနေထိုင်ပြီးနောက် ပတ်ဝန်းကျင်မှာသိမ်းသက်မနေတော့ပေ။ သို့သော် ဂျွန့်ဆီ၌နေထိုင်ရန် နိုအာအတော်လေးပင်စဥ်းစားခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ နိုအာအဆောင်၌နေထိုင်သည်ကို ဂျွန်စိုးရိမ်၏။ အစားအသောက်အနေအထိုင်မမှန်ဘဲ အဆင်ပြေသလိုလေးနေသည်ကို ဂျွန်သဘောမတွေ့ပေ။ ထို့ကြောင့် နိုအာဂျွန့်ဆီမှ နားချသည့်စကားများအတော်ပင်ကြားခဲ့ရလေသည်။

[ဘေဘီကို အဆောင်မှာတစ်ယောက်တည်း စိတ်မချဘူး]

[ကိုယ့်ရင်ကိုပူအောင်မလုပ်ပါနဲ့ လိမ်မာပါကွာ]

[ဘေဘီ ကိုယ့်ဆီမှာနေတာ ဘာမှအနေခက်စရာမလိုဘူး ကိုယ့်အနားမှာ မင်းပျော်သလောက်နေလို့ရတယ်]

[ကိုယ့်ရဲ့ကြင်နာမှုတွေနဲ့မင်းကိုထွေးပွေ့ပါရစေ]

[ကိုယ်တောင်းဆိုတဲ့ ဒီတစ်ခုတော့ မင်းလေးလက်ခံပေးမယ်မဟုတ်လား]

ဤသို့သောချိုမြိန်ပြီးထက်လှသည့် စကားလုံးများကြောင့် နိုအာငြင်းဆိုနိုင်မည့်အင်အားမရှိဖြစ်ကုန်၏။ သူကိုယ်တိုင်လည်း ဂျွန်နှင့်မခွဲချင်ပေ။ ကျောင်းပြန်တက်ရတော့မည်ဖြစ်တာကြောင့် ဂျွန့်ကိုရုံး၌တွေ့သလိုမမြငရတော့ချေ။ ကျောင်းဆင်းချိန် ဂျွန်လာကြိုမည်ဆိုပါကလည်း ညစာစားချိန်လေးသာ ဂျွန်နှင့်အတူရှိနိုင်မည်ဖြစ်၏။ ထိုသို့အနီးကပ်တွေ့ဆုံချိန်လေးက သူနှင့်ဂျွန့်ကြား အချိန်မည်မျှကြာအောင် သံယောဇဥ်ကြိုးများချည်နှောင်ထားနိုင်မည်နည်း။ နိုအာတစ်ယောက် ထိုထိုသောအတွေးများနှင့် ဂျွန်သူ့အပေါ်စိတ်ခံစားချက်များလျော့ပါးပျောက်ကွယ်သွားမည်ကို အလွန်စိုးရိမ်နေတော့သည်။ ထို့ကြောင့် ဂျွန့်အားမနက်မိုးလင်းတိုင်းမြင်တွေ့နိုင်ပြီး ပို၍ရင်းနှီးကျွမ်းဝင်ဖို့ရာ ဂျွန့်အိမ်၌ လိုက်နေခြင်းကသာအကောင်းဆုံးဖြစ်၏။

ဂျွန် အိမ်အပေါ်ထပ် သို့တက်လာ၍ ၎င်းအထပ်ရှိအကျယ်ဆုံးအခန်းလေးရှေ့၌ရပ်လျက် တံခါးခေါက်လိုက်သည်။ ဂျွန့်အိပ်ခန်းကအောက်ဆုံးထပ်၌ရှိပြီး ဒုတိယအထပ်၌ နို့အာ့အတွက်သီးသန့်အခန်းလေးပြင်ဆင်ပေးထါး၏။

ARE YOU 18? [COMPLETED]Where stories live. Discover now