11.မစ်စ်ကက်သရင်းနှင့် ဂျွန်တို့ကြားက နို့ခဲလေး

687 53 0
                                    

Unicode

နိုအာ အဂ်ါနေ့၌ ရုံးပြန်တက်ရသည်။ ထုံးစံအတိုင်း ဘက်စ်ကားစီး၍ ရုံးသို့ချိန်အမီသွားရသည်။ ရုံးသို့ရောက်သည့်အခါ ပထမဆုံး တွေ့ရသည်က ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် မစ်စ်ကက်သရင်းပင်ဖြစ်လေသည်။ သူမကတော့ ဧည့်ကြိုကောင်တာ၌ အမြဲပြုံးရယ်လျက်ပင်။ နိုအာ့ကိုမြင်သည့်အခါတိုင်း ကက်သရင်းကပျော်ရွှင်စွာစကားပြောလေသည်။

"အိုးမိုင်ဂေါ့.. မတွေ့ရတာကြာပြီဖြစ်တဲ့ နို့ခဲလေးပဲ... ကဲပြော မဲဘုန်းလ်မှာပျော်ခဲ့ရဲ့လား''

"ဟုတ်..ပျော်ရပါတယ် သင်ယူစရာလေးတွေလည်းရခဲ့တယ်''

"ဟုတ်လား...မင်းဘယ်တွေလျောက်သွားဖြစ်သေးလဲ မဲဘုန်းလ်က လည်ပတ်စရာနေရာတွေအများကြီးရယ်''

"မဲဘုန်းလ်က ဆစ်ဒနီလိုပါပဲ..စိတ်ဝက်စားစရာတွေများတယ် ကျွန်တော် တခြားဘယ်နေရာမှတော့မသွားဖြစ်ခဲ့ဘူး''
နိုအာ သူ့မှာပိုက်ဆံမလောက်လို့လျှောက်မသွားဖြစ်သည့်အကြောင်းအား ထိန်ချန်စွာပြောသည်။
"ဒါရိုက်တာဂျွန်က ကျွန်တော့်ကို Queen Market တရက်လိုက်ပို့ပေးတယ်''

"ဝိုး...တကယ်ပဲလား ငါတို့ဒါရိုက်တာဂျွန်ကြီးက စျေးဝယ်ဖို့လိုက်ပို့ပေးတယ်ပေါ့''

ကက်သရင်းက အံ့သြနေလျက်ပင်..

"ဟုတ်တယ် ကျွန်တော့်ကိုအဲ့စျေးမှာ မုန့်လည်းဝယ်ကျွေးတယ် အရုပ်လည်းဝယ်ပေးသေးတယ် ဒါရိုက်တာဂျွန် ကတကယ့်ကိုကောင်းတယ်ဗျ''

ထိုစကားများကြားသည့်အခါ ကပ်စေးနှဲ..ဇီဇာကြောင်..လက်ပေါက်ကပ်တဲ့ ဒါရိုက်တာဂျွန် ဘယ်များရောက်သွားသလဲဟု သူမစဥ်းစားနေမိတော့သည်။

နိုအာနှင့် ကက်သရင်းတို့အနောက်မှ ချောင်းဟန့်သံတစ်ချက် ကြားလိုက်ရသည်။

"မောနင်း.. နိုအာ ဘာတွေလုပ်နေတာလဲ အခန်းထဲမသွားသေးဘူးလား''

နိုအာက နောက်သို့လှည့်ကြည့်ရင်း...''အ...အခုပဲကျွန်တော်သွားတော့မှာ''

မစ်စ်ကက်သရင်းကတော့ ပြုံးလျက် သူမလက်ချောင်းလေးများကို လှုပ်ရမ်းကာ နူတ်ဆက်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now