26. You are the Apple of my eye.

595 41 0
                                    

Unicode

.

.

'ဒေါက် ဒေါက်' (တံခါးခေါက်သံ)

ဆေးရုံအခန်းတံခါးအပြင်မှ အသံအားဂျွန်အသံပြန်ပြုကာ တုံ့ပြန်လေသည်။

"ဝင်ခဲ့ပါ''

အခန်းတံခါးပွင့်အာလာ၏။ ဂျွန်တံခါးပေါက်သို့လှမ်းကြည့်သည့်အခါ တက်ဒီအားတွေ့ရလေသည်။ မျက်ခုံးနှစ်ခုကထိစပ်တော့မည့်ဟန်ဖြင့် အံတင်းလျက်ဂျွန့်အားစိုက်ကြည့်နေသည့်တက်ဒီကြောင့် ဂျွန်ပြုံးမိလေသည်။

တက်ဒီသည် ဂျွန်နှင့်တက္ကသိုလ်ကျောင်းနေဖော်များဖြစ်ကြသည်။ စီးပွားရေးတက္ကသိုလ်ကို အတူတူတက်ခဲ့ကြပြီး ဆယ်ကျော်သက်အရွယ်မှ ယခုလုပ်ငန်းခွင်ထဲအထိဆယ်နှစ်ကျော်ကြာအတူရှိနေကြသည့်အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ကြ၏။ ဂျွန်၏အတွင်းရေးကိစ္စမှန်သမျှ တက်ဒီမသိသည်ရှားသလို တက်ဒီ၏မိသားစုအရေးကိစ္စများကိုလည်းဂျွန်သိထားလေသည်။ ထိုကဲ့သို့အပြန်အလှန်ရင်ဖွင့်ဖေးမနေကြသောဤလူနှစ်ဦးကအရင်းနှီးဆုံးသူများဖြစ်နေကြသည်မှာမဆန်းပေ။

"မင်း...''
တက်ဒီက စကားဆက်မဆိုတော့ဘဲ သက်ပြင်းအရင်ချလေသည်။

"ဂျွန်..ဂျွန်..မင်းတော့ဆေးမမီတော့ဘူးပဲ..ဟမ်''

တက်ဒီကဂျွန့်အား မေးမော့လျက်ထေ့ငေါ့ကာစကားဆိုသည်။

"ဆိုပါတော့''

တက်ဒီက ဂျွန့်ကုတင်အနားသို့လှမ်းလျောက်လာပြီး မတ်တပ်ရပ်လျက် လက်ပိုက်ကာတရစပ်ဆိုတော့၏။

"ကျစ်..ကျစ်''
"မင်းမသေသေးတာငါဝမ်းသာတယ်''

ဂျွန်တစ်ယောက် တက်ဒီ၏ စကားလုံးများနှင့်အသားကျနေပြီးသားမို့ ခပ်ပြုံးပြုံးဖြင့်သာနေ၏။

"ကျေးဇူးပါကွာ..ငါ့မှာအားကိုးစရာဆိုလို့ ဒီလိုသောက်ရမ်းချစ်ဖို့ကောင်းတဲ့ဘဲကြီးရှိနေတာပဲ''

တက်ဒီကဂျွန့်အားမျက်စောင်းထိုးလိုက်သည်။

"မင်းကလေ အရင်ကတည်းကငါသိတဲ့ဂျွန်ပဲ၊ တခုခုဆို သောက်ရမ်းခေါင်းမာတာ၊ မင်းဆံဖြူတော့မှကလေးပေါက်စနဲ့နှစ်ပါးသွားဖို့ကြံနေရလား၊ ဟမ်..ငလူး* ဒီလိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးက ဘာကြောင့်ဂေးချင်နေရတာလဲငါမပြောတတ်တော့ဘူး''

ARE YOU 18? [COMPLETED]Όπου ζουν οι ιστορίες. Ανακάλυψε τώρα