21. I'm not Baby!

726 39 0
                                    


Unicode

နိုအာ ဂျွန့်အိမ်၌ ၂ရက်ကြာမျှနေထိုင်ပြီးနောက် ယခင်ထက်ပို၍ ဂျွန်နှင့်ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ဂျွန်၏ နွေးထွေးကြင်နာမှုတို့နှင့်လည်း နိုအာအသားကျမှန်းမသိကျလာတော့သည်။ ရုံးသွားသည့်မနက်ခင်းတိုင်း ပုံမှန်လိုပင် ဂျွန်ကလာခေါ်၍ ရုံးဆင်းချိန်တိုင်းလည်း ဂျွန်က နိုအာ့အား အဆောင်သို့ပြန်ပို့ပေးလေသည်။ တခါတရံ တရုတ်တန်းစားသောက်ဆိုင်များ၌ နိုအာနှင့် ဂျွန် ညနေစာဝင်စားလေ့ရှိသေး၏။

ရုံး၌မူ နေ့လည်စာအား နိုအာ ကက်သရင်း နှင့်အတူစားလေ့ရှိသည်။ ဂျွန်က ဒါရိုက်တာဖြစ်သည့်အတွက် အစည်းအဝေးများတက်ရသလို အခြားသော ဘုတ်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံရသေးသည်မို့ နိုအာနှင့် တခါတရံ နေ့လည်စာမစားနိုင်ချေ။

ယခုမူ ဂျွန်က အစည်းအဝေးတစ်ခုသွားတက်ရန် လူသားအရင်းအမြစ်စီမံခန့်ခွဲရေးဌာနမှ ဖုန်းခေါ်လာပြန်၏။ ဂျွန် ဖုန်းဆက်နေသည့်အသံတို့အား နိုအာကြားသည့်အခါ ဂျွန်နှင့်အတူ နေ့လည်စာမစားဖြစ်သည်မှာတပတ်ပင်ပြည့်တော့မည်ကို ရေတွက်မိလေသည်။

"အင်းးး...နိုအာရေ မင်းကြားတဲ့အတိုင်းပဲ ကိုယ် အစည်းအဝေး တစ်ခုသွားတက်ရဦးမယ်''

"ဟုတ်..''

နိုအာ၏ တိုးလျသညိ့အသံအား ဂျွန်သတိပြုမည့်သည့်အခါ နိုအာစိတ်မပျက်စေရန် စတင်ချော့မော့လာ၏။

"ညနေကျ ညစာဝယ်ကျွေးမယ်လေ အိုကေလား''

နိုအာနူတ်ခမ်းအနည်းငယ်ဆူထွက်လျက်

"နေ့လည်စာကြောင့်မဟုတ်ပါဘူး မသိရင်ကျွန်တော်က အစားပုတ်တဲ့ဝက်ကျလို့ ကျွန်တော်နားလည်ပါတယ် ကက်သရင်းနဲ့ပဲအတူသွားစားလိုက်မယ် စိတ်မပူပါနဲ့''

ဂျွန် နိုအာ့ခေါင်းအား ခပ်ဖွဖွပုတ်ပြီး... ''တကယ်ရော ဝက်မဟုတ်ဘူးလား''

"မဟုတ်ပါဘူး ကျွန်တော်က အစားစာကိုမြတ်နိုးသူပါ''

"ဟားဟား ဟုတ်ပါပြီ အစားစာမြတ်နိုးတဲ့ဝက်ကလေးရေ''
"ကက်သရင်း နဲ့ပဲ အတူသွား ကျန်တဲ့သူတွေက မကောင်းဘူး မင်းကို
တွေးအမှားတွေရိုက်ခတ်စေမှာ ကိုယ်မကြိုက်လို့ ဟုတ်ပြီလား''

ARE YOU 18? [COMPLETED]Donde viven las historias. Descúbrelo ahora