32. I Love You So Much (Final Extra 5) Unicode

532 22 0
                                    

Unicode

ဆောင်းဦးရာသီလေးကတော့ ဆစ်ဒနီမှာနှင်းတွေဖွေးဖွေးလှုပ်နေသည်။ အအေးဒဏ်မပြင်းသေးသော်လည်းအနွေးထည်ထူထူများဝတ်ဆင်နေရပြီဖြစ်သည်။ ရာသီဥတုအေးအေးချမ်းချမ်းလေးနှင့် ဂျွန်နှင့်နိုအာတို့ကတော့ညချမ်းအခါ၌မူ အိမ်အောက်ထပ်ရှိ မီးလင်းဖိုနံဘေးမီးလှုံကြသည်။ ထိုမီးလင်းဖိုနား၌စားပွဲလေးတလုံးနှင့်ဆိုဖာခုံတခုံရှိ၏။ ဆိုဖာခုံကတစ်ယောက်ထိုင်လေးသာဖြစ်သော်လည်း ဂျွန်နှင့်နိုအာအတွက် အဝေမတည့်မှာမပူရပေ။ ဂျွန်ကဆိုဖာခုံ၌ဦးစွာထိုင်လျက် နိူအာကိုသူ့ပေါင်ခွင်၌တင်ထား၍ပွေ့ဖက်ထားလေ့ရှိ၏။ ယခုမူဂျွန့်ရင်ခွင်ကျယ်ကျယ်ထဲနိုအာကျောမှီလျက် နိုအာကဂျွန့်အားမြန်မာစကားသင်ပေးလေသည်။

"ကျွန်တော် နာမည်က...''
"ကျနော် နာ.မည်.ခ''

"ဂျွန်အော်စတင်ပါ''
"ဂျွန်အော်စတင်.ပါ''

"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ''
"တွေ.ရ.တာ..ဝန်း..သာ.ပါ.တဲ ခမားး''

ဂျွန်က သူ့ပေါင်ထက်၌ဘေးတစောင်းလေးထိုင်နေသော နိုအာ့မျက်နှာလေးအားကြင်နာစွာ ကြည့်နေ၏။

"နောက်ဆုံးစကားလုံးအသံထွက်က မမှန်သေးဘူး ဂျွန်..ဒီလိုလိုက်ထွက်ကြည့်....'ခင် ဗျ'..''

သူ့အားနူတ်ခမ်းနီတာရဲလေးနှင့် ဘာသာစကားသင်ပေးနေသည့် နူတ်ခမ်းလေးကို စူးစိုက်ကြည့်မိ၏။ တချိန်တည်းမှာပဲ ထိုနူတ်ခမ်းလေးက မည်မျှချိုမြိန်ကြောင်းမတွေးဘဲမနေနိုင်ဖြစ်ရ၏။

"ဟုတ်ပြီ...ခင်..ဘ''

"နီးစပ်လာပါပြီ''

ဂျွန်က နိုအာ့ခါးလေးအားပွေ့ဖက်ထားသည့်သူ့လက်ကလေးများကိုတင်းကြပ်လိုက်ပြီး နိုအာ့မျက်နှာလေးအား သူ့နှာထိတ်ဖျားလေးနှင့်တွန်းကာ...''ကိုယ့်ကိုဆုမချချင်ဘူးလား''..မေး၏။

နိုအာကလည်းတွန့်တိုသည့်သူမဟုတ်၊ စာသင်သားတပည့်အားအလိုလိုက်သူဖြစ်သည်မလို့ ဂျွန့်မျက်နှာလေးအားလက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ နူတ်ခမ်းချင်းထိကာအနမ်းများပေးလိုက်၏။

'ပြွတ်စ် ပြွတ်'

"ရပြီလား ဆိုပြ''

"အွန်း..'ဟုတ်.ပါ.ပီ.ခင်.ဘျ'.''

ARE YOU 18? [COMPLETED]Tempat cerita menjadi hidup. Temukan sekarang