9.ဂျွန်ဟု နိုအာအဖျားစွတ်ခေါ်ခြင်း

788 56 0
                                    

Unicode

အခန်းထဲ တိတ်ဆိတ်နေသည်မှာ အပ်ကျသံပင်မကြားရသကဲ့သို့နှယ်။ နိုအာနှင့် ဂျွန်တို့ ဓာတ်လှေကားရှေ့မှာ ရုတ်တရက်ဇာတ်ညွှန်းများနှင့် ဇာတ်လမ်းတစ်ပုဒ်ရိုက်ပြီးနောက် ဟိုတယ်အခန်းထဲ၌ နှစ်ယောက်သားငြိမ်သက်နေကြလေသည်။ နိုအာတွေးမိသည်က စောစောက သူမ၏လှပသည့်မျက်နှာလေး၌ နောင်တတရား၊ ထိတ်လန့်မှု၊ အံ့သြမှင်သက်မှုတိူ့နှင့်အတူ ဝမ်းနည်းမှုတို့အား မြင်တွေ့လိုက်ရသည်က သနားစဖွယ်အတိဖြစ်လေသည်။

နိုအာချောင်းအသာဟန့်လိုက်ပြီး ဂျွန့်အားစကားလှမ်းပြောလိုက်သည်။

"ဒါရိုက်တာဂျွန် အဲ့လိုက သူမကိုထိတ်လန့်သွားစေမှာ အဆင်ပြေပါ့မလား''

အတွေးများထဲနှစ်မွန်းနေသည့် ဂျွန်တစ်ယောက် နိုအာ၏ စကားသံကြားသည့်အခါ ပြန်လည်တုံ့ပြန်လာလေသည်။

"သူမနဲ့ ကိုယ်က တက္ကသိုလ်မှာတွေ့ခဲ့တာ မင်းအရွယ်လောက်ကပေါ့လေ၊ ကိုယ်တို့တွေ ငယ်ရွယ်လွန်းတဲ့အချိန်...ကိုယ်တို့ဆုံခဲ့ကြပင်မယ့်..
ကိုယ်တို့နှလုံးသားတွေက တစ်ယောက်အတွက်တစ်ယောက် တိတ်ဆိတ်ပြီး..အဆုံးသတ်သွားခဲ့ပြီ
ဒါကို သူမက လက်မခံနိုင်ဘူးဖြစ်နေတာ....ကိုယ့်အရူပ်ထဲ မင်းကိုဆွဲမထည့်သင့်ဘူး...အဲ့အတွက် မင်းကိုတောင်းပန်ပါတယ် နိုအာ''

တည်ငြိမ်စွာ စကားပြောနေပင်မယ့် ဂျွန်၏ စကားလုံးတွေထဲ ကြေကွဲရိပ်များထင်ဟပ်နေသောကြောင့် နိုအာ သနားစိတ်ပင်ဝင်မိလေသည်။ ဓာတ်လှေကားရှေ့၌ ကြားခဲ့ရသော စကားလုံးများအရ သူမသည် ဒါရိုက်ဂျွန်အား ထားရစ်ကာ ဖောက်ပြားခဲ့သူဖြစ်လေသည်။ ရည်းစားမထားဖူးသေးသည့် နိုအာသည် ဒါရိုက်တာဂျွန်အား မည်သို့နှစ်သိမ့်ရမည်ကို ကြံဆနေလေသည်။ နိုအာသည် သူ၏သူငယ်ချင်း အီသန်၏ အချစ်ရေးအတိုင်ပင်ခံပင်ဖြစ်သေးသည်မဟုတ်ပါလား။

"ကျွန်တော် နားလည်ပါတယ် ဗွေမယူပါဘူး ဒါရိုက်တာဂျွန် အဆင်ပြေရဲ့လား''

နိုအာ့အဖြေကြောင့် ဂျွန် လှည့်ကြည့်လာပြီး... ''ကိုယ်အဆင်ပြေပါတယ်.. မင်းဆီက အကူအညီကိုတော့ ထပ်ယူရဦးမယ်..သူမကလွယ်လွယ်နဲ့ အလျော့ပေးမှာမဟုတ်ဘူး..အဲ့ဒါကြောင့် ကိုယ်လိုအပ်တဲ့အခါ မင်းဆီကပဲ အကူညီထပ်ယူပါရစေ''

ARE YOU 18? [COMPLETED]Where stories live. Discover now